ထားဝယ် ပကာရီကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ

ထားဝယ် ပကာရီကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်း လေကြောင်း ဗုံးကြဲခံရတာ‌ကြောင့် ဘုန်းကြီးကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့သလို နေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ ပကာရီနယ်မြေရဲစခန်းနဲ့ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခဲ့တာပါ။

အဲဒီနောက် စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်ဟာ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ယက္ကန်းစင်ဘုန်းကြီးကျောင်းအတွင်းရှိ အဆောက်အုံတွေဟာ အသုံးပြုလို့ မရတော့တဲ့အထိ ထိမှန်ပျက်စီးခဲ့သလို အနီးအနားရှိ နေအိမ် သုံးဆောင်လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း ပကာရီကျေးရွာရှိ အရပ်သားပြည်သူ နှစ်ဦးလည်း ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ၁၀ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကော်မရှင်တပ်ထံကနေ သေနတ် တစ်လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်ဟာ Y12 တိုက်လေယာဉ်နဲ့ ပကာရီကျေးရွာအနီးတဝိုက်ကို နှစ်ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...
ဓါတ်ပုံ - CJ
July 7, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း...