စစ်ကော်မရှင်ရဲ့ ထိုင်းကုန်ပစ္စည်း ပိတ်ဆို့မှုကြောင့် အထွေထွေအကျပ်အတည်း ဆိုက်ရောက်နိုင်

စစ်ကော်မရှင်ရဲ့ ထိုင်းကုန်ပစ္စည်း ပိတ်ဆို့မှုကြောင့် အထွေထွေအကျပ်အတည်း ဆိုက်ရောက်နိုင်

အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ထိုင်းကုန်ပစ္စည်းတွေအပေါ် ပိတ်ဆို့မှုကြောင့် ကုန်သွယ်မှု၊ အလုပ်အကိုင် အခွင့်အလမ်းအပါအဝင် အထွေထွေအကျပ်အတည်း ဆိုက်‌ရောက်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံ အဓိက တရားဝင် ကုန်သွယ်နေတဲ့ မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေး တံတားကို ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့ကစပြီး အကြောင်းပြချက်မရှိ ပိတ်ပစ်ပြီးနောက် ထိုင်းကုန်ပစ္စည်း တင်သွင်းခွင့် ကန့်သတ်လိုက်တာပါ။

ဒေသတွင်းမှာလည်း ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင်ကုန်သွယ်မှု ပြုလုပ်တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ မြို့ဝင် မြို့ထွက်စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးတာ၊ ဈေးကွက်တွေအတွင်း ဝင်ရောက်ဖမ်းဆီးတာတွေကအစ ပြုလုပ်နေတာ ဖြစ်ပါတယ်။

စီးပွားရေး ပညာရှင်တစ်ဦးကတော့ ထိုင်းကုန်ပစ္စည်းတွေ ပိတ်ဆို့လိုက်တာကြောင့် ဈေးနှုန်း ကြီးမြင့်မှုဒဏ်အပါအဝင် ကုန်သွယ်မှုကျဆင်းပြီး GDP တွေပါ ထိုးကျလာတယ်လို့ ပြောပါတယ်။

“Economic impact ကတော့ ရိုးရှင်းပါတယ်။ ပြည်တွင်းဈေးကွက်မှာ ဈေးတွေတက်မယ်။ အလုပ် အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးမယ်။ ကုန်သွယ်မှုကျမယ်။ GDP ကျမယ်ပေါ့။ တရားမဝင် ကုန် သွယ်မှုကို တိုက်တယ်ဆိုပေမယ့် ဒီတစ်ခါတော့ တရားဝင် သယ်တဲ့ဟာတွေပါ အကုန်ပိတ်လိုက်တဲ့ သဘောရှိတယ်။ စီးပွားရေးသာမကဘဲ တခြားရည်ရွယ်ချက်တွေလည်း ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က အခုလို ထိုင်းကုန်ပစ္စည်းတွေကို နယ်စပ်ဝင်ပေါက်တွေကတစ်ဆင့် ပိတ် ဆို့တာဟာ ကုန်သွယ်မှု လမ်းကြောင်းပေါ်က လက်နက်ကိုင်တွေဆီကို ငွေကြေးနဲ့ ကုန်စည်စီးဆင်းမှု ပိတ်ချင်တာ၊ နယ်စပ်မှာနေထိုင်တဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေ၊ လူတွေကို အကြပ်အတည်း ဖြစ်စေချင်တဲ့အတွက် လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်က ထိုင်းကုန်ပစ္စည်းတွေကို ပိတ်ဆို့မှုတွေ လုပ်ဆောင်နေပေမယ့် နယ်စပ်မှာ လမ်း ကြောင်းတွေ အများကြီး ရှိတာကြောင့် နယ်စပ်ကသူတွေ ထိခိုက်မှုသိပ်မရှိနိုင်သလို ဒေသတွင်းက ထိုင်းကုန်ပစ္စည်းကို အဓိက အသုံးပြုသူတွေကိုသာ သက်ရောက်မှု ကြီးမားနိုင်တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကိုပိတ်ပြီး သင်္ဘောနဲ့ ကုန်သွယ်ခွင့် ပြုပေမယ့် အတော်မလွယ်တဲ့ ကိစ္စ ဖြစ်သလို သာမာန် လူသုံးကုန်တွေအတွက် စရိတ်မကာမိတာကြောင့် ဈေးတက်၊ ပစ္စည်းရှားတာတွေကအစ ကြုံရမှာဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တစ်ဦးက ပြောပါတယ်။

“အတော်မလွယ်တဲ့ ကိစ္စပါ။ Normal Trade နဲ့ Border Trade သဘောသဘာဝချင်းက မတူ ကော့သောင်းဘက်က ရေကြောင်းနဲ့ လှည့်တင်ဖို့က အန္တရာယ်လည်းများ သာမန်လူသုံးကုန်တွေအတွက် စရိတ်နဲ့ မကာမိလောက်ပါ။ စရိတ်တက် ဈေးတက်ပေါ့ ဈေးတက်တာရော ပစ္စည်းရှားလာတာပါ ကြုံရနိုင်တာပေါ့”လို့ ဆိုပါတယ်။

စစ်ကော်မရှင်က မြဝတီ နယ်စပ်ကုန်သွယ်မှုကို တဖက်သက် ပိတ်ဆို့မှုအပေါ် ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့က စစ်ကော်မရှင်ခန့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တို့ တွေ့ဆုံခဲ့ပေမယ့် ဘယ်တော့ ကုန်သွယ်မှု ပြန်လည် ခွင့်ပြုမလည်း ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

စစ်ကော်မရှင်က ထိုင်းကုန်ပစ္စည်းတွေကို မြဝတီနယ်စပ်ကတဆင့် တင်သွင်းခွင့် ပိတ်ဆို့ထားတာအပြင် ဒေသတွင်းမှာ လိုက်လံဖမ်းဆီးနေတဲ့အတွက် ဈေးကွက်အတွင်းမှာ ထိုင်းကုန်ပစ္စည်း ဈေး နှုန်း အဆမတန် မြင့်တက်လာပြီး ပစ္စည်းပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...