စစ်ကော်မရှင်ရဲ့ ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်း‌စျေးနှုန်း အဆမတန်ထိုးတက်လာ

စစ်ကော်မရှင်ရဲ့ ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်း‌စျေးနှုန်း အဆမတန်ထိုးတက်လာ

အာဏာသိမ်း စစ်ကော်မရှင်က ထိုင်း-မြန်မာ နယ်စပ်တံတားကို အကြောင်းပြချက်မရှိ ပိတ်ပစ်တာအပါအဝင် ပိတ်ဆို့ဖမ်းဆီးမှုတွေကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ထိုင်း-မြန်မာ အဓိက တရားဝင်ကုန်သွယ်မှု ပြုလုပ်နေတဲ့ မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေး တံတားကို ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့ကစလို့ အကြောင်းပြချက်မရှိ ပိတ်ပင်ထားသလို ဒေသတွင်းမှာလည်း ထိုင်းကုန်စည်တွေကို တရားမဝင် ကုန်သွယ်မှု ပြုလုပ်တယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ လိုက်လံဖမ်းဆီးနေတာပါ။

စစ်ကော်မရှင်ရဲ့ ပိတ်ဆို့ဖမ်းဆီးမှုတွေကြောင့် ဈေးကွက်အတွင်းမှာ ထိုင်းကုန်ပစ္စည်းတွေဟာ အမျိုးအစားအပေါ် မူတည်ပြီး အနည်းဆုံး ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းထိ မြင့်တက်လာသလို ပစ္စည်းအများစု ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

အိမ်ရှင်မတစ်ဦးကတော့ စစ်ကော်မရှင်က ထိုင်းကုန်ပစ္စည်းတွေကို ပိတ်လိုက်တာကြောင့် ရက်ပိုင်းအတွင်း စားသုံးဆီအပါအဝင် ခေါက်ဆွဲခြောက်တွေ၊ ငါးသေတ္တာတွေကအစ ဈေးနှုန်းထက်ဝက်နီးပါး မြင့်တက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကုန်ဈေးနှုန်းက အရင်ကတော့ ဒီလောက်ထိ သိပ်မကျပ်တည်းသေးဘူး။ အခုထိုင်းက ကုန်စည်ပစ္စည်းတွေ ပိတ်လည်း ပိတ်လိုက်ရော ပိုပြီးတော့ ဈေးတက်လာတာပေါ့နော်။ ရက်ပိုင်းအတွင်းမှာ အရင်က စားဆီ ၆၃၀၀ ရှိတယ်။အခုကတော့ ၁၂၀၀၀ ဖြစ်နေတယ်။ ယိုးဒယားပစ္စည်း ခေါက်ဆွဲခြောက်တို့ ဘာတို့ ရှိတယ်။ ငါးသေတ္တာဘူးတို့ ဒီအပြင် ယိုးဒယားက လာတဲ့ဟာတွေပေါ့။ ချက်ချင်းကို ခေါက်ချိုးတက်သွားတာ”လို့ ဆိုပါတယ်။

ထိုင်းကုန်ပစ္စည်းတွေကို စစ်ကော်မရှင်က ပိတ်လိုက်တဲ့အတွက် ဈေးနှုန်းအဆမတန် မြင့်တက်လာတဲ့အပြင် တချို့ ကုန်ပစ္စည်းအများစုကလည်း ဈေးကွက်အတွင်း ပြတ်လပ်မှု ဖြစ်ပေါ်နေပြီး လိုသလို ဝယ်ယူလို့မရတဲ့ အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းကုန်ပစ္စည်း ဈေးနှုန်း အဆမတန် ကြီးမြင့်လာတဲ့အပြင် ပစ္စည်းတွေပါ ပြတ်လပ်နေတဲ့အတွက် အခြေခံ လူတန်းစားတွေ အပါအဝင် စစ်ကော်မရှင် လက်အောက်ခံ ဝန်ထမ်းတွေကအစ ဝင်ငွေထွက်ငွေ မမျှတတဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ အိမ်ရှင်မတွေက ပြောကြပါတယ်။

စစ်ကော်မရှင်က တရားဝင် ကုန်သွယ်နေတဲ့ မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေးတံတားကို ယာ ယီပိတ်လိုက်တာကြောင့် မဲဆောက်ကနေ မြဝတီကို ပို့ဆောင်မယ့် ကုန်တင်ကား အစီးရေ ၅၀၀ ထက်မနည်း ပိတ်မိနေသလို အခုလို ပိတ်ထားတဲ့ အပေါ် ထိုင်းအစိုးရဘက်က မြန်မာသံအမတ်နဲ့ တွေ့ဆုံသွားမယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ အဓိက သွင်းကုန်တွေ ဖြစ်တဲ့ အခြေခံ စားသောက် ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်း အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို အဓိက အားထားအသုံးပြုနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...