- ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့နေရာနဲ့ ကျေးရွာတချို့ကို ဦးတည်ကာ စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်မူ ပြုလုပ်လာတာကြောင့် ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် အိမ်ထောင်စု ၁,၀၀၀ ကျော်အတွက် အရေးပေါ် အမိုးအကာ လိုအပ်နေပါတယ်။
- အခု ဩဂုတ်လဆန်းပိုင်းမှာ ကရင်နီပြည် ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးတစ်ဝိုက်မှာ စစ်ကော်မရှင်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပြန်လည်တွေ့မြင်လာရပြီး ဒေသခံတွေရှိနေတဲ့နေရာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုရှိနေပါတယ်။ ဒီလိုစစ်ရေးလှုပ်ရှားမှုတွေရှိလာတဲ့အပေါ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံတချို့ရဲ့ စိုးရိမ်ပူပန်မှုစကားသံတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။






