Fortify Rights အစီရင်ခံစာသည် အခြေအမြစ်မရှိ၊ လုပ်ကြံဖန်တီးထားသည့် စွပ်စွဲချက်ဟု AA ပြော

Fortify Rights အစီရင်ခံစာသည် အခြေအမြစ်မရှိ၊ လုပ်ကြံဖန်တီးထားသည့် စွပ်စွဲချက်ဟု AA ပြော

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) အနေဖြင့် ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်(AA)မှ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ် ဆေးသင့်ကြောင်း Fortify Rights ၏ စွပ်စွဲချက်သည် အခြေအမြစ်မရှိ၊လုပ်ကြံဖန်တီးထားသည့် စွပ်စွဲချက်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ယနေ့(ဩဂုတ်လ ၁၁) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တဦး၏ မေးမြန်းမှုအပေါ် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ဖြေကြားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်က Fortify Rights ၏ ထုတ်ပြန်ချက် အစီရင်ခံစာတွင် AA သည် ရိုဟင်ဂျာကျေးရွာများ၊ ယာယီထိန်းသိမ်းရေးစခန်းများ၌ စစ်ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားသည်။

ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည် ဟုဆိုကာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အနေဖြင့် စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights က ထိုအစီရင်ခံစာတွင် ဖော်ပြထားသေးသည်။

ထိုအစီရင်ခံစာနှင့်ပတ်သတ်ပြီး ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက “fortify right အနေနဲ့ အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီး စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေ အပေါ်မှာ ဒီ Report (အစီရင်ခံစာ) ထုတ်တယ်ဆိုတာက သူတို့ fortify right အဖွဲ့အစည်းရဲ့ ဂုဏ် သိက္ခာကိုလည်းထိခိုက်သလို တဖက််မှာလည်း အကြမ်းဖက်သမားတွေ လုပ်ဆောင်ချက်တွေကို အားပေးအားမြှောက်ပြုရာလည်း မြောက်တယ်” ဟု ဆိုသည်။

ထို့အပြင် တရားမျှတမှု ဆောင်ရွက်နေသည့် ယင်း အဖွဲ့အစည်း၏ မူလရည်ရွယ်ချက်နှင့်လည်း လုံးဝကင်းကွာနေပြီး အကြမ်းဖက်အားပေး လုပ်ရပ်များနှင့် ပတ်သတ်ပြီး ULA/AA အနေဖြင့် ပြင်းပြင်း

ထန်ထန် ကန့်ကွက်သည်ဟု ဆိုသည်။

သို့သော် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (ULA/AA) အနေဖြင့် စစ်မှုထမ်းခိုင်း၊ မထမ်းခိုင်းခြင်းနှင့် ပတ်သတ်ပြီး သတင်းထောက်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိပေ။

၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များတွင် AA ၏ ရက်စက်ကြမ်းကြုတ်မှုကြားမှ အသက်ရှင်လွတ်မြောက်လာသည့် မျက်မြင်သက်သေ အမျိုးသမီး ရှစ်ဦးအပါအဝင် မွတ်ဆလင် ၃၉ ဦးကို Fortify Rights က မေးမြန်းခဲ့ကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးအစိတ်အပိုင်းတရပ်အနေဖြင့် အာရက္ခတပ်တော် (AA) သည် ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး လက်ရှိမှာ မြို့ပေါင်း ၁၄ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ထိုထိန်းချုပ်ထားသည့် မြို့များအနက် အချို့ကို အာဏာသိမ်းစစ်အုပ်စုထံ ပြန်ပေးမည့် အလားအလာ ဖြစ်နိုင်ခြေနည်းပါးကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

လက်ကျန်မြို့များဖြစ်သည့် မြို့တော်စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းနေကြောင်း AA က ဆက်လက်ပြောကြားခဲ့သည်။

Photo Credit - AA Infor Desk

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...