ကျောက်ဖြူတိုက်ပွဲငြိမ်သက်နေသော်လည်း နှစ်ဘက်အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုရှိနေ

ကျောက်ဖြူတိုက်ပွဲငြိမ်သက်နေသော်လည်း နှစ်ဘက်အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုရှိနေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲမှာ လက်ရှိ ငြိမ်သက်နေသော်လည် နှစ်ဖက်တပ်ဖွဲ့များအကြား အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု မြေပြင်စစ်‌ရေး သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“ကျောက်ဖြူစစ်ရေးအခြေအနေက ငြိမ်သက်နေရင်ကြောက်ဖို့ကောင်းတယ်။ မုန်တိုင်းမလာမီ လေငြိမ် နေသလိုပေါ့။ စစ်ကောင်စီဘက်ကလည်း လက်နက်နဲ့ လူအင်အားအလုံးအရင်းနဲ့ ဖြည့်နေတယ်။ အင်အားတွေသုံးပြီး နဂိုမြေပြင်စစ်မျက်နှာကို တိုးချဲ့ပြီး စစ်ကြောင်းထိုးနေတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ပြုလုပ်နေတယ်” လို့ ပြောသည်။

ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်အခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်မှ ကုလာဘာ‌ကျေးရွာအနီးအထိ စစ်ကြောင်းများ ထိုးနေသလို ဂုံးချွိန်တိုက်နယ်( ၃၂) ရဲတပ်ရင်း အနီးရှိ ပြိုင်း‌စေ့ကေမှ နှမ်းဖဲ‌တောင်အထိစစ်ကြောင်းထိုးမှုများ ရှိနေသည်ဟု ၎င်းဆိုသည်။

၎င်းပြင်မလကျွန်းမှပြင်ရှည်အထိ  စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် စစ်မြေပြင်တိုးချဲ့ကာ စစ်ကြောင်းထိုးလှုပ်ရှားလာသည်ဟု ၎င်းကပြောသည်။

“ဒီရက်ပိုင်းကတော့ တိုက်ပွဲမရှိဘူး။ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုတော့ရှိတယ်။ စစ်ကောင်စီဖက်က အရင်ကနေရာထက် ရှေ့တိုးပြီး စစ်ကြောင်းထိုး လှုပ်ရှားနေတာတော့ရှိတယ်။ အေအေကတော့ အပိုင်ရမယ့်နေရာက စောင့်ကြည့်နေတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီဖက်မှတိုက်ပွဲမရှိသော်လည်းဒေသခံကျေးရွာများကို ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်မှုများပြုနေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

“လူမြင်ရင်လှမ်းပစ်တယ်။ လယ်ကွင်းတွေကိုပစ်တယ်။ စစ်ဘေးမရှောင်ဘဲ အိမ်မှာရှိနေတဲ့သူတွေရှိသေးတယ်။ ရှိတာလေးနဲ့လုပ်ကိုင်စားသောက်နေကြတာ။ အဲ့ဒီလူတွေ သွားလာလှုပ်ရှားနေတာနဲ့ ပစ်တယ်" ဟု ပြောသည်။

စစ်ကောင်စီသည် လက်ရှိ ကျောက်ဖြူတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ဒရုန်းများ၊ ပါရာမိုတာများကို ယခင်ကထက် ပိုမိုအသုံးပြုနေသလို တစ်ခါတစ်ရံလေယာဉ်များကိုပါအသုံးပြု တိုက်ခိုက်သည်ဟု ဆိုသည်။

၎င်းပြင် ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်ရေယာဉ် နေဗီများ၊  ကျောက်ဖြူအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း မြေပြင်ဒေသခံများက ပြောသည်။

ဇူလိုင်၂၁ ရက်နေ့ နံနက်ပိုင်းကလည်း တိုက်ပွဲမရှိဘဲ ကျောက်ဖြူမြို့နယ်မှကျောက်ပြောက်ရွာကို စစ်ကောင်စီ ဂျက်လေယာဉ်တစ်စီးဖြင့် ဗုံး ၂လုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သက်တော်(၉၃) နှစ်အရွယ် ဆရာတော်တစ်ပါးနှင့် အသက်၂၀ ကျော်အရွယ် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ကျောင်းဆောင်မှာ လုံး၀ပြိုပျက်သွားခဲ့ကြောင်း သိရသည်။

ဇူလိုင် (၂၂ ရ)က် ညနေပိုင်းကလည်းကျောက်ဖြူမြို့နယ်ကုလဘာရွာကို စစ်ကောင်စီမှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာသား တစ်ဦးဖြစ်သူ ဦးမောင်သန်းရွှေ (၅၅)နှစ်ဒဏ်ရာ  ရရှိသွားကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင် ၁၅ရက်နေ့ကလည်းကျောက်ပြောက်ရွာကို စစ်ကောင်စီနေဗီက ‌လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ နေအိမ် ၁၀လုံးခန့်ပျက်စီးသွားခဲ့ရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

February 10, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် လောင်စာအဖြစ် ထင်းကိုအသုံးပြုမှု များလာနေပြီး...
February 9, 2026
သိန်းဇော်(မောင်တော) — ရခိုင်ပြည်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီး...
ကျောက်ဖြူမြို့၊ ဂျပန်မဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်။ (ပုံဟောင်း)
February 7, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ထောင်ဝန်ထမ်းတစ်ဦးကိုသတ်ပြီး...
February 6, 2026
သဉ္ဇာနွယ် — ရခိုင်ရိုးမအရှေ့ခြမ်းပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ကပစ( ၁၆) အနီးရှိ...