မြဝတီတွင် သောင်းရင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၁ ပေကျော်ထိ မြင့်တက် ရပ်ကွက်တချို့ ရေကြီး

မြဝတီတွင် သောင်းရင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၁ ပေကျော်ထိ မြင့်တက် ရပ်ကွက်တချို့ ရေကြီး

ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ရေသည် ယနေ့ နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်ထက် ၁၁ ကျော်ထိ မြင့်တက် လာပြီး မြဝတီမြို့ပေါ် ရပ်ကွက်တချို့ ရေကြီးနေသည်ဟု မြို့ခံများနှင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

ဝီဖာမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြဝတီတွင် သောင်ရင်းမြစ်ရေ စိုးရိမ် ရေအမှတ် ၉၆၃ စင်တီမီတာအထက် ၁,၃၀၃ စင်တီမီတာ (၁၁ .၁၅ ပေ) ရေတိုးလာသည့်အတွက် ရေကြီးနေပြီး အမှတ် (၁)၊ (၂)၊ (၅) ရပ်ကွက်များတွင် ရေနစ်မြှုပ်နေသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

“ဒီမနက် ရေက ၁၁ပေ ကျော်၊ ၁၂ ပေနီးနီးတက်နေတယ်။ ရေဆင်းလာနေတုန်းဘဲ။ ဂေါ်လီချောင်း၊ မဲပလဲချောင်းတွေက မြဝတီကိုဆင်းလာတဲ့ သောင်ရင်းမြစ်ရေ တိုးနေတုန်းဘဲ။ မိုးဆက်မရွာရင်တော့ မနက်ဖြန်လောက်ဆို ပြန်ကျမယ်၊ မိုးဆက်ရွာရင်တော့ ဆက်မြှုပ်နေအုန်းမယ့် သဘောရှိနေတယ်” ဟု မြဝတီ ရေဘေး ကူညီကယ်ရေး လုပ်ဆောင်နေသူ မြို့ခံတစ်ဦးက ပြောသည်။

ရေကြီးမှုကြောင့် ရက်ကွက်နေဒေသခံများ ကုန်းမြင့်ပိုင်းနေရာရှိ ကြခတ်တောကျောင်း၊ တောရကျာင်း၊ ကိုးနဝင်း ဘုန်းကြီးကျောင်းတို့တွင် လူဦးရေ ၁,၀၀၀ ဦးခန့် ယာယီရေဘေးရှောင် နေထိုင်နေကြသည်။ ယနေ့ နံနက်ပိုင်းထိ ရေဘေးရှောင်များကို ကူညီပြောင်းရွှေ့ပေးနေရသည်ဟု လူမှုကူညီရေး အသင်းများထံမှ သိရသည်။

“ကျနော်တို့ အမှတ် ၂ နဲ့ မိုးကုတ်တို့က အောက်ထပ်တွေ အကုန်မြှုပ်တယ်။ ရေဘေးရှောင်ဖို့တော့ ခက်နေတယ်။ ထမင်းထုတ် ဝေဖို့တော့ ချက်ပြုတ်နေတယ်။ ပြီးရင်တော့ လှေနဲ့ လှည့်ပြီးလိုက်ဝေတော့ စီစဉ်ထားတယ်။ အခုလည်း ဖုန်းဝင်တာနဲ့ လှေနဲ့ လိုက်ခေါ်ထုတ်ပေးနေတယ်။ ရေက ဝေါလေအပေါ်ကနေ ဆက်ဆင်းနေတုန်းဘဲ” ဟု ရေဘေးကူညီ ကယ်ဆယ်ရေး လုပ်ကူနေသူ ကြံခင်းရပ်ကွက်သား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လတ်ရှိ သောင်ရင်းမြစ်ရေ ဆက်ပြီးတိုးဆင်းလာနေသည့် အခြေအနေဆက်ရှိ နေပြီး မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနေပါက နောက်ထပ် နှစ်ရက်ခန့်အထိ ရေကြီး ရေလွှမ်းမှုဆက်ပြီး ဖြစ်ပေါ် နေမည်ဟု မိုးလေဝသဌာနက ထုတ်ပြန် သတိပေးထားသည်။

အလားတူ အနီးရှိ မဲဆောက်မြို့တွင်လည်း သောင်ရင်းမြစ်ဘေးရှိ ထိုင်းကျေးရွာ၊ ရပ်ကွက်များ ရေကြီးနေပြီ အာဏာပိုင်အဖွဲ့ အစည်းများ၊ လူမှုကူညီရေးအဖွဲ့ များက ယာယီရေဘေးရှောင်နိုင်ရန်နှင့် လမ်းတံတားများ၊ ယာဉ် မတော်တဆမှုများ၊ မြေပြိုလမ်းပျက်မှုများကို လိုက်လံကူညီလုပ် ဆောင်ပေးနေကြောင်း သိရသည်။

Photo -CJ & မီးသတ်တပ်ဖွဲ့

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...