KNU တပ်မဟာ ၃ နယ်မြေက ခြောက်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ကျော် သေဆုံး

KNU တပ်မဟာ ၃ နယ်မြေက ခြောက်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ကျော် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေက ခြောက်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ကျော် သေဆုံးခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ ခြောက်လတာအတွင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ KNU နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ် စုစုပေါင်းအကြိမ် ၃၀၀ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ KNU ဘက်က ၄၄ ဦး ကျဆုံးခဲ့ပြီး ၁၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာတော့ ၂၄၃ ဦးသေဆုံးခဲ့ကာ ၁၈၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ၇ ဦး လက်နက်ချအလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးကို အရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၂၀၉ လက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ခြောက်လတာကာလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံပြည်သူ အမျိုးသမီး ၂၉ ဦး၊ အမျိုးသား ၂၀ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၈၈ ဦး စုစုပေါင်း ၁၈၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်က ဒေသခံပြည်သူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၃ ဦးတို့ကိုလည်း ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် စာသင်ကျောင်း ဘာသာရေးအဆောက်အဦနဲ့ နေအိမ် ဈေးဆိုင်တွေအပါအဝင် အဆောက်အဦ စုစုပေါင်း ၂၀၀ ဝန်းကျင် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဆိုင်ကယ်၊ လယ်ထွန်စက်၊ ဖောကား၊ ဆန်စက်စတာတွေလည်း ပျက်စီးခဲ့ရပြီး ကျွဲနွားတိရိစ္ဆာန် စုစုပေါင်း အကောင် ၄၀ နီးပါး သေဆုံးခဲ့ရတယ်လို့ KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...