KNU တပ်မဟာ ၃ နယ်မြေက ခြောက်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ကျော် သေဆုံး

KNU တပ်မဟာ ၃ နယ်မြေက ခြောက်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ကျော် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေက ခြောက်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၀ ကျော် သေဆုံးခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ ခြောက်လတာအတွင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ KNU နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ် စုစုပေါင်းအကြိမ် ၃၀၀ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ KNU ဘက်က ၄၄ ဦး ကျဆုံးခဲ့ပြီး ၁၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာတော့ ၂၄၃ ဦးသေဆုံးခဲ့ကာ ၁၈၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ၇ ဦး လက်နက်ချအလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးကို အရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၂၀၉ လက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ခြောက်လတာကာလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံပြည်သူ အမျိုးသမီး ၂၉ ဦး၊ အမျိုးသား ၂၀ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၈၈ ဦး စုစုပေါင်း ၁၈၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်က ဒေသခံပြည်သူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၃ ဦးတို့ကိုလည်း ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် စာသင်ကျောင်း ဘာသာရေးအဆောက်အဦနဲ့ နေအိမ် ဈေးဆိုင်တွေအပါအဝင် အဆောက်အဦ စုစုပေါင်း ၂၀၀ ဝန်းကျင် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဆိုင်ကယ်၊ လယ်ထွန်စက်၊ ဖောကား၊ ဆန်စက်စတာတွေလည်း ပျက်စီးခဲ့ရပြီး ကျွဲနွားတိရိစ္ဆာန် စုစုပေါင်း အကောင် ၄၀ နီးပါး သေဆုံးခဲ့ရတယ်လို့ KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-MOI
January 17, 2026
မွန်ပြည်နယ်မှာ ခရီးသွားတွေ အရင်ထက် ပိုမိုဝင်ရောက် လည်ပတ်နိုင်ရေးနဲ့ ခရီးသွားကဏ္ဍ...
January 16, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှာ တစ်ပတ်အတွင်း လူငယ် ၁၀ ဦးထက်မနည်း စစ်မှု ထမ်း...
January 15, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက်...
ဓာတ်ပုံ-MOI
January 14, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း၂...