Facebook ပေါ်တွင် ကရင်ယူနီကုဒ်အမှန် ရေးသား ဖတ်ရှုနိုင်ပြီး

Facebook ပေါ်တွင် ကရင်ယူနီကုဒ်အမှန် ရေးသား ဖတ်ရှုနိုင်ပြီး

လူသုံးများသည့် အင်တာနက် လူမှုကွန်ယက်စာမျက်နှာ Facebook ပေါ်၌ ယနေ့ ဇူလိုင် ၁၅ ရက်နေ့မှစ၍ ကရင် စာလုံးဖောင့်အမှန် ရေးသားဖတ်ရှုနိုင်ပြီး ဖြစ်သည်ဟု ကိုယ်တိုင် စမ်းသပ်အသုံးပြုခဲ့သူများနှင့် ဦးဆောင် ကြိုးပမ်း လုပ်ဆောင်ခဲ့သည့် ကရင်နည်းပညာ အထောက်အကူပြုအဖွဲ့က ပြောသည်။

ယခုလို Facebook ပေါ်တွင် ကရင်ဖောင့်အမှန် ရေးသားဖတ်ရှုနိုင်ခြင်းသည် ကရင်ယူနီကုဒ်ကန်ပိန်း

(Karen Unicode Campaign) လုပ်ဆောင်ခဲ့သည့် ရလဒ်ဖြစ်သည်ဟု ပြော၍ ရကြောင်း ကရင်စာပေနှင့် နည်းပညာဖွံ့ဖြိုး တိုး တက်ရေးအဖွဲ့က စောအောင်မြင်က ယခုလို ပြောသည်။

“အစက ဒီ ကရင်ယူနီကုဒ်ရဖို့အတွက် Meta ကို Email ပို့တယ်၊ ဒါပေမယ့် အကြောင်းမပြန်ဘူး။ ဒီကန်ပိန်းလုပ်တဲ့ ကြားထဲမှာ သူတို့ဖြေရှင်းပေးမယ်ဆိုပြီး အကြောင်းပြန်လာတယ်။ ကန်ပိန်းပိတ်တဲ့ အချိန်နဲ့ အခုက ၅ လ လောက်ကြာသွားပြီးတော့မှ ရသွားတာပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ Facebook ပေါ်တွင် ယခင် ကရင်ဖောင့် စာလုံးပေါင်းအမှန် အသုံးပြု၍ မရသည့်အချိန်က ကရင်စကား အသံထွက်ကို မြန်မာနှင့် အင်္ဂလိပ် အက္ခရာဖြင့်သာ သုံးစွဲခဲ့ရသည်။

ယခု ကရင်ဖောင့်အမှန် သုံးစွဲနိုင်ပြီးဖြစ်၍ ကရင်တို့အနေဖြင့် များများရေးသားပေးကြရန် တိုက်တွန်းလိုပြီး သို့မှသာ အခြားသောအစီစဉ်များ ထပ်မံဖန်တီးပေးနိုင်မည်ဖြစ်သည်ဟု ကရင်စာပေနှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့မှ စောအောင်မြင်က ဖြည့်စွက်ပြောသည်။

အင်တာနက် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ကရင်စာပေ အမှန်ရေးနိုင်ရန် ၁၀ စုနှစ် တစ်ခုကျော် မျှော်လင့် လာခဲ့ပြီး ယနေ့ အချိန်တွင် ကရင်ဖောင့်အမှန်တွေ့ရှိလာပြီ ဖြစ်သည့်အတွက် ဝမ်းသာမိကြောင်းလည်း ကရင် စာရေးဆရာ တစ်ဦးဖြစ်သူ မန်းနဲတေဇိန်(ဖားအံ)က ဆိုသည်။

“အခုလို ကရင်ဖောင့်အမှန်ပေါ်တော့ တစ်ယောက်နဲ့တစ်ယောက် ကရင်လိုရေးရ၊ ပြောရ ဆွေးနွေးရတာ ဘယ်ထောက် အထိ စိတ်ချမ်းသာဖို့ ကောင်းလဲ။ အားလည်းရတယ်။ ကရင်စာပေ၊ ကရင်စကား၊ ကရင်အဆိုအမိန့် တွေလိုင်းပေါ်မှာ အများကြီး တွေ့ရတော့မယ်လို့ မာန်နာဲတော့ ယုံကြည်တယ်။ အရင်က တယောက်နဲ့ တယောက် တစ်ဖွဲ့နဲ့ တဖွဲ့ ထိထိမိမိအသိပေး ဆွေးနွေးဖို့က ဗမာစာပဲအားကိုးရတော့ ကိုယ်ပြောချင်တဲ့တချို့ အကြောင်းအရာ တွေက မလွတ်လပ်ဘူး။ အခုတော့ စိတ်တိုင်းကျသွားပြီး” ဟု ၎င်းက ကေအိုင်စီသို့ မိန့်ကြားသည်။

ယခုလို Facebook ပေါ်၌ ကရင်စာအမှန်ရေးသား ဖတ်ရှုနိုင်ရန် ၊ ကရင်ဘာသာစကား အသုံးပြုမှု မြှင့်တင်နိုင်ရန်၊ ကရင်စာပေပြုစု၊ ပျိုးထောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကရင်ယူနီကုဒ် ကန်ပိန်းအစီစဉ်တစ်ခုကို “ကရင်စာအမှန် ဖြစ်ဖို့ ယူနီကုဒ်အမှန် သုံးစွဲစို့ “ခေါင်းစဉ်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ မတ် ၂၁ ရက်နေ့အထိ တစ်လ ကြာပြုလုပ်ပြီး လူ ၂၀,၀၀၀ ဦးကျော် လက်မှတ်ထိုး ပါဝင်ခဲ့သည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...