အာယုတောင်တိုက်ပွဲမှာ ရေးဘီလူးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

အာယုတောင်တိုက်ပွဲမှာ ရေးဘီလူးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၄၃ ခြေမြန်တပ်ရင်း စခန်းကုန်း တိုက်ခိုက်မှုမှာ ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစခန်းကုန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ၄၅ မိနစ်အကြာ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း ရေးဘီလူးအဖွဲ့က ရဲဘော် ထက်မြတ်မောင် (ခေါ်) အသေးလေး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာလည်း အာယုတောင်ကျေးရွာ ဝါးချောင်းဘက်မှာ ရေးဘီလူးအဖွဲ့က ကာကင်းယူထားချိန် စစ်ကောင်စီစစ်ကြောင်းနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရေးဘီလူးအဖွဲ့ဝင် ရဲဘော် သူရအောင် ထပ်မံကျဆုံးခဲ့တာပါ။

တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင် ၂ ရက်နေ့အထိ ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေပြီး ဝါးချောင်းဒေသဘက်မှာလည်း တပ်အင်အားတွေ ဖြန့်ခွဲထားတယ်လို့ သိရပါတယ်။

ရေဘီလူးအဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး မွန်ပြည်နယ် ရေးမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

June 2, 2026
သထုံခရိုင်အတွင်းက မြို့နယ်အခြေစိုက်တပ်တွေမှာ အာဏာသိမ်းစစ်တပ်ဘက်က စစ်ရေးပြင်ဆင်မှု ပိုလုပ်လာပြီး...
ဓာတ်ပုံ-CJ
June 1, 2026
ဘီးလင်းမြို့နယ်အတွင်းက ပြည်သူစစ်အဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်တပ်ဘက်က  ရှေ့တန်းပို့လို့...
May 30, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ...
May 29, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ စစ်မှုထမ်းအတွက် ဥပဒေမဲ့ ပေါ်တာဆွဲ...