အာယုတောင်တိုက်ပွဲမှာ ရေးဘီလူးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

အာယုတောင်တိုက်ပွဲမှာ ရေးဘီလူးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၄၃ ခြေမြန်တပ်ရင်း စခန်းကုန်း တိုက်ခိုက်မှုမှာ ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစခန်းကုန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ၄၅ မိနစ်အကြာ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း ရေးဘီလူးအဖွဲ့က ရဲဘော် ထက်မြတ်မောင် (ခေါ်) အသေးလေး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာလည်း အာယုတောင်ကျေးရွာ ဝါးချောင်းဘက်မှာ ရေးဘီလူးအဖွဲ့က ကာကင်းယူထားချိန် စစ်ကောင်စီစစ်ကြောင်းနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရေးဘီလူးအဖွဲ့ဝင် ရဲဘော် သူရအောင် ထပ်မံကျဆုံးခဲ့တာပါ။

တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင် ၂ ရက်နေ့အထိ ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေပြီး ဝါးချောင်းဒေသဘက်မှာလည်း တပ်အင်အားတွေ ဖြန့်ခွဲထားတယ်လို့ သိရပါတယ်။

ရေဘီလူးအဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး မွန်ပြည်နယ် ရေးမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

Most read this week

January 28, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ ဖိအားကြောင့် ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တချို့ဟာ...
January 27, 2026
စစ်တပ် ဦးဆောင်ကျင်းပတဲ့ ၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲကနေ နောက်တက်လာမယ့် အစိုးရနဲ့ပတ်သက်ပြီး...
January 26, 2026
စစ်ကော်မရှင် အာဏာသိမ်းထားတဲ့ ၅ နှစ်ဝန်းကျင် ကာလအတွင်း ဒေသတွင်းက လူငယ်ထုကြားမှာ တရားမဝင်...
ဓာတ်ပုံ-MOI
January 24, 2026
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က သမားရိုးကျ စစ်ပွဲအပြင်...