စက်သုံးဆီစျေး မြင့်တက်လာမှုကြောင့် မိုးစပါးစိုက်ပျိုးဖို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

စက်သုံးဆီစျေး မြင့်တက်လာမှုကြောင့် မိုးစပါးစိုက်ပျိုးဖို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ဥရုချောင်းဒေသမှာရှိတဲ့  လယ်သမားအများစုဟာ စက်သုံးဆီစျေးမြင့်တက်မှုကြောင့် မိုးရာသီစပါးစိုက်ပျိူးရန်အတွက် အခက်အခဲဖြစ်ပွားနေကြောင်း တောင်သူတွေက ပြောပါတယ်။

ဇွန်လအတွင်းမှာ စက်သုံးဆီတွေ ဝင်ရောက်မှုနည်းပါးလာတဲ့အတွက်ကြောင့် စက်သုံးဆီစျေးနှုန်းဟာ တစ်ပေပါ ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ဆက်တိုက်မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးမှာ စက်ယန္တရားတွေကိုသာ အဓိကထားပြီး အသုံးပြုလာတဲ့နောက် အခုလို စက်သုံးဆီတွေ စျေးမြင့်တက်လာတာဟာ အခက်အခဲတွေဖြစ်စေတယ်လို့ သိရပါတယ်။

“ဒီနှစ်က မလွယ်ဘူး စပါးစိုက်ဖို့မလွယ်ဘူးမောင်။ ဒီဇယ်ဈေးကလည်း တက်နေတော့ လယ်လုပ်ဖို့ရာတောင် မလွယ်ဘူး” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ယခင်က ကျွဲ၊ နွား များဖြင့် အသုံးပြုခဲ့ကြပြီး ကျွဲ၊ နွားများ ရှားပါးလာတာကြောင့် ထွန်စက်များဖြင့် အသုံးပြုတာအပြင် ရေတင်စက်များလည်း အသုံးပြုရတာကြောင့် ကုန်ကျမှုများတယ်လို့ ဆိုပါတယ်။

“ရေစက်လည်းမောင်းပြီး ရေသွင်းရတယ် ထွန်စက်လည်းထွန်ရတယ်ဆိုတော့ တစ်ရက်ကို ဒီဇယ် ငါးဂါလံပုံး တစ်ပုံးကုန်တယ်။ အခုဆီဈေးနဲ့ဆိုရင်တော့ မလွယ်ဘူး လယ်တောင် ဘယ်လိုလုပ်ရမလဲမသိဘူး” လို့ မာလုံကျေးရွာ လယ်သမားတစ်ဦးက အခုလိုပြောပြပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ နှစ်စဉ် မိုးစပါးစိုက်ပျိုးဧက ခြောက်သောင်းကျော်ရှိပြီး စပါးထွက်နှုန်းကလည်း တစ်နှစ်ကို စပါးတင်းပေါင်း ငါးသန်း ထွက်ရှိတယ်လို့ ဒေသအုပ်ချုပ်ရေးအချက်အလက်တွေအရ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ရှိ လက်ရှိစိုက်ပျိုးရေးဧရိယာဟာ မြို့နယ်ဧရိယာရဲ့ ရာခိုင်နှုန်းအနည်းငယ်ကိုသာ စိုက်ပျိုးနေတာဖြစ်ပါတယ်။

ဟုမ္မလင်းဒေသထွက် စပါးတွေဟာ လုံလောက်မှုမရှိတာကြောင့် ဖောင်းပြင်၊ ပင်လည်ဘူး၊ ကောလင်း စတဲ့မြို့နယ်တွေကနေ ဆန်စပါးတွေကို တင်သွင်းရတဲ့ အခြေအနေတစ်ရပ်လည်းဖြစ်ပါတယ်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...