မြစ်ကြီးနား-ဖားကန့်လမ်း နန့်ယားကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

မြစ်ကြီးနား-ဖားကန့်လမ်း နန့်ယားကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

ကချင်ပြည်နယ် မြစ်ကြီနား-ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒီကနေ့ မနက် ၇ နာရီလောက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဒရုန်းနဲ့ ဗုံးကြတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နန့်ယားကျေးရွာအောက် ခင်တောင်ကျေးရွာက စစ်ကောင်စီတပ်တွေဝင်နေတဲ့ အိမ်ကို KIA/KPDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ KIA နဲ့ နီးစပ်သူအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ခင်တောင်ကျေးရွာက အိမ်တစ်အိမ်မှာ စစ်ကောင်စီတပ်တွေ ဝင်နေတဲ့အချိန် ကျွန်တော်တို့ဘက်ကလူတွေ ဒရုန်းနဲ့ လေးခါ သွားပစ်ခဲ့တယ်။ တခြား တိုက်ပွဲဖြစ်တာတော့ မရှိဘူး" လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ခင်တောင်ကျေးရွာက နေအိမ်ခြံဝင်းတစ်ခုမှာ စစ်ကောင်စီအင်အား ၈၀ လောက် ဝင်ရောက်နေတဲ့အချိန် တိုက်ခိုက်ခံရတာပြီး ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

မနေ့ မေလ ၁ ရက်နေ့ကတည်းက စစ်ကောင်စီပူးပေါင်းတပ်တွေဟာ နန့်ယားကျေးရွာဘက် အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးဝင်လာတာဖြစ်ပြီး စစ်ကြောင်းတွေလည်း တစ်ခုထက်မနည်း ခွဲထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် မြစ်ကြီးနား- ဖားကန့် လမ်းတစ်လျှောက်မှာရှိတဲ့  မအူပင်၊ ကျောက်ထု၊ နန့်ယား၊ ကပ်မှော်၊ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ဆိုင်းဖရာ၊ ကျောက်ဖျာ၊ နန့်တိန်း၊ ပျားအုံ စတဲ့ ကျေးရွာဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

ဖားကန့်လမ်းပိုင်းက တိုက်ပွဲအခြေအနေတွေကြောင့် စစ်ဘေးတိမ်းရှောင်လာသူ အများပိုင်းဟာ ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာဘုရားကျောင်းမှာ စစ်ရှောင်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တတိယအပတ်က မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းနဲ့ အင်းတော်ကြီး-ဖားကန့် လမ်းပိုင်းကို စစ်ကောင်စီက အင်အားထောင်ချီအသုံးပြုပြီး စစ်ကြောင်းထိုးလာတာလည်း ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...