မင်းကင်းမြို့နယ် ဖက်ခတ်ကျေးရွာကို စစ်ကောင်စီလေတပ် ဗုံးကြဲတိုက်ခိုက်

မင်းကင်းမြို့နယ် ဖက်ခတ်ကျေးရွာကို စစ်ကောင်စီလေတပ် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးအောက်ပိုင်းရှိ ဖက်ခတ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ပျက်စီးမှုမြင်ကွင်း။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးအောက်ပိုင်းရှိ ဖက်ခတ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (မတ်လ ၂၆ ရက်) မွန်းလွဲ ၁ နာရီခန့်က အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ရွာပေါ်မှာ လေယာဉ်နဲ့ ပတ်ပြီး ဗုံးကြဲသွားတာပါ။ လူတွေ အပြင်းအထန် ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမယ့် နေအိမ် သုံးလုံး ပျက်စီးသွားပါတယ်။ စစ်ရေးပစ်မှတ်လည်း ဘာမှမရှိပါဘူး” ဟု မင်းကင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

ဖက်ခတ်ကျေးရွာမှ ဒေသခံအများစုသည် ကနီမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ကာ နှစ်နှင့်ချီ၍ စစ်ဘေးရှောင်နေကြရပြီး ရွာတွင် အနည်းငယ်မျှသာ ပြန်လည်နေထိုင်လျက်ရှိကြောင်း သိရသည်။

“ရွာမှာ စစ်ကြောင်းထိုးတာတွေ၊ ပျူစောထီးတွေရဲ့ အနိုင်ကျင့်လုယက်တာတွေ အမြဲခံရတယ်။ အခုနောက်ပိုင်း လေကြောင်းရန်ပါ ထပ်ကြောက်ရတော့ တော်တော်များများ စစ်ရှောင်နေကြရတာပါ” ဟု ဖက်ခတ်ဒေသခံတဦးက ပြောသည်။

မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်စခန်း ၃၆ ခုရှိပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာပေါင်း ၃၇ ရွာအထိ ရှိခဲ့သည်။

လက်ရှိအချိန်တွင် စစ်ရေးအခြေအနေ ငြိမ်သက်နေသည်ဟု မင်းကင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

၂၀၂၁ မတ်လမှ ၂၀၂၅ မတ်လအထိ မင်ကင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့ပြီး ကနီမြို့နယ်အတွင်းသို့ ပြောင်းရွှေ့စစ်ရှောင်နေသူ ၈၀၀ ခန့်ရှိကြောင်း သိရသည်။

March 14, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ...
March 13, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (ကစယ်ဒိုးမြို့နယ်)၊ ထားဝယ်-မြိတ် အမှတ်(...
March 12, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာအတွင်း နှစ်ပေါင်း ၃၀ ကျော်...