BGF ခေါင်းဆောင် ဗိုလ်ချစ်သူကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအစိုးရရှေ့နေများ ဆွေးနွေးနေ

BGF ခေါင်းဆောင် ဗိုလ်ချစ်သူကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအစိုးရရှေ့နေများ ဆွေးနွေးနေ

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် - BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအစိုးရရှေ့နေများက ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဆွေးနွေးနေသည်ဟု ထိုင်းအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Thai PBS သတင်း၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (DSI) ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲက စုံစမ်းရေးအရာရှိများသည် လူကုန်ကူးမှုဆိုင်ရာ သက်သေအထောက်အထား တင်ပြနိုင်ရန် တရားလိုရှေ့နေများနှင့် တွေ့ဆုံကာ BGF ခေါင်းဆောင်နှင့် ထိပ်ပိုင်းအင်အားစုများကို ဖမ်းဝရမ်းထုတ်ရန် ဆွေးနွေးနေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဌာန၊ စုံစမ်းရေးမှူးများက လူကုန်ကူးမှုခံရသည့် အိန္ဒိယနိုင်ငံသားတစ်ဦး ကျားဖြန့်ဂိုဏ်းတစ်ခု၌ အလုပ်ခိုင်းစေခဲ့သည့် အထောက်အထားများ ရရှိထားသည်ဟု သတင်း၌ ဖော်ပြထားသည်။

ထို့အပြင် စုံစမ်းရေးမှူးများ၏ အစီရင်ခံစာ၌ အိန္ဒိယနိုင်ငံသား ၇ ဦးကို ကျားဖြန့်ဂိုဏ်းက သတ်ဖြတ်ခဲ့သည်ဟု ပြောဆိုထားသလို ထိုင်းနိုင်ငံကို ကျားဖြန့်လုပ်ငန်းအတွက် သွားလာ‌ရေး အသုံးချခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ထိုင်းနိုင်ငံသား ၂ ဦး ပါဝင်ပတ်သက်မှုရှိပြီး ထိုသူတို့သည် မြဝတီ အပန်းဖြေဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာနှင့် ဝန်ထမ်းဖြစ်သည်။

၎င်းအပြင် ဟန်ချန်း ကာစီနိုပိုင်ရှင်လည်း ပါဝင်သည်ဟု ထိုင်းသတင်းဌာနသတင်းရင်းအမြစ်က ပြောသည်။

ယခုလို ဖမ်းဝရမ်းထုတ်ရန် အဆိုပြုမည့် နယ်ခြားစောင့်တပ် ခေါင်းဆောင်များမှာ ဗိုလ်မှူးကြီးစောချစ်သူ၊ ဒု-ဗိုလ်မှူးကြီးမုန်သုန်နှင့် ဒု-ဗိုလ်မှူးကြီးစောတင်ဝင်းတို့ ပါဝင်သည်ဟု အဆိုပါသတင်းဌာနတွင် ဖော်ပြထားသည်။

တချိန်တည်းတွင် တရားရေးဝန်ကြီး ရဲမှူးကြီး သာဝီဆော့စောင်က ဖမ်းဝရမ်းထုတ်ခြင်းသည် တစ်ဖက်နိုင်ငံ၌ ထိုင်းလူမျိုးများ ဖမ်းဆီးခံရခြင်းမှ အစပြုသည့် အမှုဟောင်းဖြစ်ပြီး စောချစ်သူသည် လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေကြောင်း ပြောသည်။

သို့သော် ဖမ်းဝရမ်းထုတ်ခြင်းသည် ကျူးလွန်ခံရသူ လူတစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ အခြားကျူးလွန်ခံရသူ နိုင်ငံခြားသားများအတွက် ဖမ်းဝရမ်းထုတ်ထားခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဝရမ်းမထုတ်မီ စုံစမ်းစစ်ဆေးမှုသည် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ၏ လုပ်ငန်းစဉ်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ တရုတ် လက်ထောက်လုံခြုံရေးဝန်ကြီး လာရောက်သည့်ကိစ္စနှင့် မသက်ဆိုင်ကြောင်း ၎င်းက ပြောသည်။

ထိုအမှုကို DSI စုံစမ်းစစ်ဆေးရေးမှူးတွေက သေသေချာချာ ကိုင်တွယ်ခဲ့သည်ဟု ဆိုသည်။

“ဒီအမှုမှာ တခြားနိုင်ငံတွေနဲ့ ပတ်သက်နေတာကြောင့် ဘယ်သူက ဖမ်းဝရမ်းထုတ်သင့်တယ်ဆိုတာ ဖော်ထုတ်ဖို့ အစိုးရရှေ့နေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီအမှုမှာ ငွေကြေးခဝါချမှုတွေ ပါဝင်လာပြီး မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေချိန်မှာ ပွင့်လင်းရိုးသားစွာ တိုးချဲ့လုပ်ဆောင်သွားမယ်” ဟု ရဲမှူးကြီး သာဝီဆော့စောင်က ပြောဆိုထားသည်။

DSI ၏ ဆောင်ရွက်မှုသည် ဘက်လိုက်မှုမရှိကြောင်း၊ သက်သေအထောက်အထားကိုသာ အဆုံးအဖြတ်အဖြစ် အသုံးပြု၍ စောချစ်သူကို တရားမျှတအောင် ဆောင်ရွက်ရန် မခက်ဟု ယုံကြည်ပြီး ထိုင်းအစိုးရသည် ရိုးသားပြီးသားဖြစ်သောကြောင့် မြန်မာခေါင်းဆောင်များအပေါ် မူတည်ပါသည်ဟု တရားရေးဝန်ကြီးက အတည်ပြုပြောဆိုထားသည်ဟု သတင်း၌ ဖော်ပြထားသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...