CDF-မတူပီ တပ်မဟာ-၂ က တပ်ဖွဲ့ဝင်တွေ တပ်မဟာ-၁ နဲ့ပူးပေါင်းမှု ထုတ်ပြန်ချက် မမှန်ကန်ကြောင်း တပ်မဟာ-၂ ပြော

CDF-မတူပီ တပ်မဟာ-၂ က တပ်ဖွဲ့ဝင်တွေ တပ်မဟာ-၁ နဲ့ပူးပေါင်းမှု ထုတ်ပြန်ချက် မမှန်ကန်ကြောင်း တပ်မဟာ-၂ ပြော

- ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်ထဲက CDF - မတူပီ၊ တပ်မဟာ - ၂ က တပ်မှူး - ၂ ယောက်နဲ့ ရဲဘော် ၆ ယောက်တို့ တပ်မဟာ - ၁ နဲ့ပူးပေါင်းလာတယ်လို့ ထုတ်ပြန်မှုက မှန်ကန်မှုမရှိဘဲ အဲဒီရဲဘော်တွေဟာ ခွင့်နဲ့အိမ်ပြန်ချိန် ဖမ်းဆီးခံရတာလို့ CDF - မတူပီ၊ တပ်မဟာ - ၂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။  

- ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့သိမ်းတိုက်ပွဲကို တီးတိန်မြို့နယ်ကောင်စီရဲ့ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ PDA-Tedim က မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ဖော်ဆောင်မှာဖြစ်ပြီး ဘယ်အဖွဲ့အစည်းကမှ ကန့်ကွက်ပိုင်ခွင့်မရှိဘူးလို့ တီးတိန်မြို့နယ်ကောင်စီက ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

- တီးတိန်မြို့ကို တားမြစ်တဲ့ကြားက ကျူးကျော်ဝင်ရောက်လာရင် ICNCC/ချင်းညီနောင်နဲ့ လက်တွဲကာ ပြတ်ပြတ်သားသား တိုက်ထုတ်သွားမယ်လို့ တီးတိန်မြို့နယ်ထဲ စစ်ရေးလှုပ်ရှားနေတဲ့ PDF-Zoland က ကြေညာလိုက်ပါတယ်။

Most read this week

September 18, 2026
- ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့...
September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...
September 16, 2026
- နန့်ယား-ဖားကန့်ကားလမ်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပျက်စီးမှုတွေ...
September 16, 2026
- ရွှေကုက္ကိုလ်ဘက်က တရုတ်ကျားဖြန့်တွေ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေထဲကို တဖြည်းဖြည်း...