ကြည့်မြင်တိုင် စာတိုက်မှတ်တိုင်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေး

ကြည့်မြင်တိုင် စာတိုက်မှတ်တိုင်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေး
ရန်ကုန်မြို့တွင် ညအချိန်စစ်ဆေးမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်။ (ပုံ-အဟောင်း)
ရန်ကုန်မြို့တွင် ညအချိန်စစ်ဆေးမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်။ (ပုံ-အဟောင်း)

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်ကောင်စီတပ်က လမ်းများပိတ်ဆို့ပြီး စစ်ဆေးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ကြည်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်ရှိ စာတိုက်ကားမှတ်တိုင်အနီး၌ ဇန်နဝါရီလ ၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် အမျိုးသားတဦး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

“ညနေက စာတိုက်မှတ်တိုင်နားမှာ အမျိုးသားတယောက် သေနတ်နဲ့ ပစ်ခံရတာ။ နေရာမှာပဲ သေသွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

သေဆုံးသူသည် အသက် ၅၀ အရွယ်ဝန်းကျင် အမျိုးသားဖြစ်ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲများရောက်လာကာ ကမ်းနားလမ်း စာတိုက်ကားမှတ်တိုင်မှ မြို့ထဲဘက်သွားသည့်လမ်းကို ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“အခုအချိန်အထိ ကမ်းနားလမ်းမှာ စစ်သားတွေရော ရဲတွေ အပြည့်ပဲ။ ကြည်မြင့်တိုင် တဖက်ကမ်းကိုကူးမယ့် သဗ္ဗာန်ဆိပ်ကိုလည်း ပိတ်လိုက်ပြီကြားတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာအနီးက အိမ်တွေကိုလည်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရတယ်။ စမ်းချောင်းမြို့နယ်မှာလည်း မီးတန်းတွေနဲ့ ကင်းလှည့်နေကြတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ယမန်နေ့ည ၈ နာရီအချိန်တွင် မဇ္ဈိမကိုပြောသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။

မဇ္ဈိမ၏ သတင်းရင်းမြစ်များကလည်း ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတဝိုက် စစ်ကောင်စီတပ်နှင့် ရဲများက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ပစ်ခတ်ခံရသူသည် မည်သူဖြစ်ကြောင်း အတည်ပြုနိုင်ရန် ခက်ခဲနေကြောင်း ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတဦး သေဆုံးခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်တွင် ည ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်နိုင်သည့်အတွက် ပြည်သူများ သတိပြုနေထိုင်ကြရန် Kyimyindaing Scout Channel က အသိပေးထားသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...