ပအိုဝ်းဘုန်းကြီးကျောင်းကို ဒုတိယအကြိမ် လေးကြောင်းမှ ဗုံးကြဲ

ပအိုဝ်းဘုန်းကြီးကျောင်းကို ဒုတိယအကြိမ် လေးကြောင်းမှ ဗုံးကြဲ
၂၀၂၃ ခုနှစ်က နန်းနိန်ကျေးရွာအား စစ်တပ်နှင့် PNA ပူးပေါင်းတပ်က မီးရှို့ခဲ့သည့်ပုံ (ပုံဟောင်း)
၂၀၂၃ ခုနှစ်က နန်းနိန်ကျေးရွာအား စစ်တပ်နှင့် PNA ပူးပေါင်းတပ်က မီးရှို့ခဲ့သည့်ပုံ (ပုံဟောင်း)

စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ် ပအိုဝ်းဒေသရှိ ဘုန်းကြီးကျောင်းကို ဒုတိယအကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နန်းနိန်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၂၀၀ အလေးချိန်ရှိ ဗုံးနှင့် လေကြောင်းကနေ တိုက်ခိုက်ခဲ့သည်ဟု မြေပြင် သတင်း အရင်းအမြစ်များက ပြောသည်။

နန်းနိန်ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပအိုဝ်းပြည်သူ့စစ် (PNA) လမ်းညွှန် မှု၊ မြေပြင်မှ သတင်းပေးမှုများနှင့် ဇူလိုင်လ ၅ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘုန်းကြီးကျောင်းနှင့် နီးစပ်သူ တစ်ဦးက “စစ်ကောင်စီက ဗုံးလာကြဲတာပေါ့ အဲဒါနဲ့ ပျက်စီးသွားတယ်လို့ ပြော ပါတယ်။ အရင်တစ်ခေါက် ဖြစ်တုန်းက ခေါင်မိုးပဲ ပျက်စီးတာပေါ့နော်။ အခုကတော့ အများကြီးပျက်စီး လုံးဝ ကို ပျက်စီးသွားပြီ။ နေလို့မရတဲ့အထိ ပျက်စီးသွားပြီလို့ သိရပါတယ်။ ရိုးရိုးဗုံးနဲ့ မတူဘူး။ ပေါက်ကွဲအား ထိ ရောက်မှုတွေက မတူဘူး။ ကျနော်ကတော့ ကောင်းကောင်း မပြောတတ်ဘူး။ အဲဒီမှာ ကြုံရတဲ့သူဆို ပိုသိတာ ပေါ့။ အရွယ်အစား ပေါက်ကွဲပုံတွေက မတူဘူးပေါ့နော်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က နန်းနိန်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော သံဃာတော် ၃ ပါးနှင့် စစ်ဘေး ရှောင် အယောက် ၂၀ ကျော်တို့ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီး PDF များကို စစ်ရေးအောင် နိုင်ခဲ့သည် ဆိုသော ပုံစံမျိုးနှင့် မီဒီယာများတွင် ဝါဒဖြန့်ခဲ့သည်။

ထိုအချိန်မှစပြီး နန်းနိန်ကျေးရွာ တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်ခဲ့ရခြင်း ဖြစ်သည်။ ယခု လေကြောင်းမှ ထပ်မံ တိုက်ခိုက်ချိန်၌လည်း ကျေးရွာထဲတွင် လူသူမရှိသည့်အတွက် အရပ်သားထိခိုက်မှု မရှိခဲ့ဘူးဟု ဆိုသည်။

“သူတို့ ဒီလိုလုပ်တော့လည်း အရင်နှစ်က ဖြစ်ပွားခဲ့တဲ့ နန်းနိန်ရွာ အစုလိုက်အပြုံလိုက် လူသတ်မှုက ဘယ်သူ တွေ လုပ်ခဲ့တယ်။ ဘယ်သူတွေက ဘယ်လိုမျိုး စိတ်ဓါတ်ရှိတယ်ဆိုတာ ပေါ်သွားတာပေါ့ဗျာ။”

ထို့အပြင် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ကြား တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် နန်းနိန်ဘုန်းကြီးကျောင်း ခေါင်မိုးများ အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ရွာသား တစ်ဦးလည်း ထိခိုက် သေဆုံးခဲ့ဖူးသည်။

လတ်တလော အခြေအနေအရ ကျောင်းဆောင်တစ်ခုလုံး မီးလောင်ပြာကျ ပျက်စီးသွားပြီ ဖြစ်၍ ပြန်လည် ပြု ပြင်ရမည့် ကုန်ကျစရိတ်က ငွေကျပ် သိန်းထောင်ချီ ရှိနိုင်ပြီး ပြန်လည်ထူထောင်ရေးကာလ ရောက်မှသာ ပြန်ပြင် ဆင်နိုင်တော့မည်ဟု ရွာသားများက ပြောသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...