သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံထားရ၍ သံတွဲမြို့ နယ်မှ စစ်ဘေးရှောင် ၁၀၀၀ ကျော် စားသောက်ရေး အခက်အခဲရှိနေ

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံထားရ၍ သံတွဲမြို့ နယ်မှ စစ်ဘေးရှောင် ၁၀၀၀ ကျော် စားသောက်ရေး အခက်အခဲရှိနေ

ရခိုင်ပြည် သံတွဲမြို့ရှိ စစ်ဘေးရှောင်ပြည်သူ  ၁၀၀၀ ကျော်မှာ  စစ်ကောင်စီတပ်က လမ်းပမ်း ဆက်သွယ်ရေး ဖြတ်တောက်ထားသည့်အတွက် ရိက္ခာရရှိရန် မလွယ်ကူဖြစ်နေပြီး  စားသောက်ရေး  အခက်အခဲများ ကျရောက်နေရသည်ဟု ကူညီပေးနေသူများက နိရဉ္စရာသို့ ပြောသည်။

သံတွဲမြို့နယ် မြောက်ပိုင်း သံတွဲ-တောင်ကုတ်လမ်းတစ်လျှောက်ရှိ ကျေးရွာများကိုယ်တိုင်က  သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပိတ်ခံထားရ၍ စားနပ်ရိက္ခာများ ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် အသစ်ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ ပို၍ အခက်အခဲ ဖြစ်နေကြသည်ဟု ပြောဆိုသည်။

“ဒေသခံပြည်သူတွေက ဂေါ့က ၇၀၀ ကျော် နဲ့ ကျန်တာက ဆင်းခေါင်းရွာနဲ့ အနီးတဝိုက်က ရွာတွေကပါ။ အခုက စစ်ကောင်စီက အကုန်ဖြတ်တောက်ထားတော့ ဆန်ဝယ်လို့မရ ဆီဝယ်လို့ မရဖြစ်နေတာ။  မြို့ပေါ်က လူတွေက ကူညီချင်ပေမယ့် အေအေကို ထောက်ပံ့တယ်ဆိုပြီး ခေါင်းစဉ်တပ် ဖမ်းဆီးမှာစိုးရိမ်တော့ ကူညီဖို့ခက်ခဲနေတယ်” ဟု ကူညီပေးနေသူတစ်ဦးကပြောသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ အာရက္ခတပ်တော်မှကယ်ထုတ်လာသူများ ဖြစ်ကြပြီး   ရွှေလှေတိုက်နယ် ကျေးရွာ များတွင် နေထိုင်နေကြရပြီး ဂေါ့ကျေးရွာ၊ဆင်ခေါင်း၊ ညောင်ခြေထောက်၊ ခမောင်းတုန်းကျေးရွာတို့မှ စစ်ဘေးရှောင်များပါဝင်ကြောင်းသိရသည်။

“မြို့ပေါ်က စစ်ဘေးရှောင်တွေက တော့အဆင်ပြေပါတယ်။ ရွှေလှေတိုက်နယ်က စစ်ဘေးရှောင် တွေကတော့ သွားကူလို့မရဘူးလေ။ လမ်းတွေကို စစ်တပ်ကပိတ်ထားတယ်။  တောင်ကုတ် ကလည်း လာလို့မရဘူး။ အဲ့ဒီတော့ စားသောက်ကုန်တွေ သွင်းလို့မရတော့ ခက်ခဲနေပြီလေ။ ကျွန်တော်တို့ ကူညီရေး အဖွဲ့တွေကိုလည်း စစ်တပ်က စောင့်ကြည့်နေတာလေ။  အဆင်မသင့်ရင် ဖမ်းပြီးဒုက္ခပေးမှာ၊ မလုပ်ရဲဘူး” ဟု စစ်ရှောင်ကူညီသူနောက်ထပ်တစ်ဦးကပြောသည်။

သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများသို့သွားသော လမ်းကြောင်းများကို စစ်ကောင်စီမှ ပိတ်ဆို့ထားသလို ကင်းမော်ကျေးရွာမှ တဆင့်သွားသော ရေလမ်းနှင့် မြို့အထွက် မြုံပြင်ကျေးရွာတို့မှ အဓိက ပိတ်ဆို့ထားပြီး တခြားနေရာများတွင်လည်း ရွှေလျားဂိတ်များဖြင့် တင်းကျပ်ထားရာ သွားလာ၍မရ ကြောင်းသိရသည်။

၎င်းပြင် လေကြာင်းမှ တိုက်ခိုက်မှုနှင့် စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို မကြာခဏ ပြုလုပ်နေ၍ အလှူရှင်များ သွားရောက်ကူညီ လှူဒါန်းရန်မှာ များစွာ အခက်အခဲဖြစ်နေကြရသည်ဟု ဆိုသည်။

ရွှေလှေတိုက်နယ် အပါအဝင် သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်နေရာ (၁၆) ခု ရှိပြီး ဒေသခံပြည်သူ ၁၉၀၀ ကျော်ခိုလှုံလျက်ရှိကြောင်းသိရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...