သံတွဲမြို့ မဇင်လေဆိပ်အနီးထိ AA တပ်ဖွဲ့ ချီတက်တိုက်ခိုက်လာ

သံတွဲမြို့ မဇင်လေဆိပ်အနီးထိ AA တပ်ဖွဲ့ ချီတက်တိုက်ခိုက်လာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေမြို့ရှိ မဇင်လေဆိပ်(သံတွဲလေဆိပ်) မှ တစ်မိုင်ခန့် အကွာ ဂေါ့ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား  အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် လေယာဉ်ကွင်းဘက်သို့ တဖြည်းဖြည်း ချီတက်တိုက်ခိုက်လာရာ စစ်ကောင်စီကလည်း လေယာဉ်ကွင်းထဲမှနေ၍ ခုခံကာကွယ် တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဇွန်လ ၆ရက် နေ့လယ်ပိုင်းတွင် ဂေါ့ကျေးရွာကနေ တစ် မိုင်ဝန်းကျင်ခန့် ကွာဝေးသည့် သံတွဲ (မဇင်) လေဆိပ်ကို သိမ်းပိုက်ရန် အာရက္ခတပ်တော်မှ ချီတက်လာနေရာ စစ်ကောင်စီမှ အသည်းအသန် ခုခံကာကွယ်နေသဖြင့် တိုက်ပွဲများ ပြင်းထန်လျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ဂေါ့ကျေးရွာဝန်းကျင်တွင် ဇွန် ၅ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဇွန်လ  ၆ ရက်နေ့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ သံတွဲမြို့ မဇင်လေဆိပ်သို့   နီးကပ်လာသည်ဟု ဒေသခံများက ပြောကြားသည်။

ဒေသခံ တစ်ဦးက “ လက်ရှိဂေါ့ရွာ၊ စပါးကြီး ရွာဝန်းကျင်တွေကို Y12 နဲ့ ဂျက်လေယာဉ်  နှစ်စီးနဲ့ အတွဲလိုက် အပြင်းအထန် ဗုံးကြဲနေတယ်။ အမရာဟိုတယ်ထဲမှာတော့ ထွက်ပြေးလာကြတဲ့ ဒေသခံတွေ ပိတ်မိနေတာတော့ဟုတ်တယ်။ ဟိုတယ်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်၊ ဟိုတယ်ပိုင်ပစ္စည်းတွေနဲ့ ဒေသခံတွေရဲ့ ပစ္စည်းတွေကို စစ်တပ် သိမ်းယူသွားတယ်ဆိုတာ ကြားရတာ အတိအကျမပြောနိုင်ဘူး။  အဲ့ဒီဖက်အနား သာမာန်လူတွေ အနားကပ်ဖို့တောင်မလွယ်ဘူး။ စစ်ဖြစ်နေတာကိုး ” ဟု ပြောသည်။

သံတွဲလေဆိပ်တွင် စစ်ကောင်စီ စခန်းတစ်ခုထားရှိပြီး စစ်ကောင်စီ ဗျူဟာမှူးတဦးက အနီးကပ် ကြီးကြပ်လျက်ရှိကာ လက်နက်ကြီးတပ်ရင်း တပ်စွဲထားသည့်အပြင် တိုက်လေယာဉ် ၃ စီးဖြင့်လည်း  ပစ်ကူကာ AA ထိုးစစ်အား ခုခံနေကြောင်းလည်းသိရသည်။

လက်ရှိတွင် သံတွဲ ( မဇင်) လေဆိပ်သို့ ချီတက်လာနေသည့် အေအေ စစ်ကြောင်းနှင့် စစ်ကောင်စီ တပ်တို့သည်  ဂေါ့ကျေးရွာအနီးရှိတောင်ကြောနှင့် ပင်လယ်ကမ်းစပ် တစ်လျှောက်တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့်သာမက ပင်လယ်ထဲက စစ်သင်္ဘောတချို့ကလည်း  စစ်ကူပေးလျက်ရှိနေသလို သံတွဲ ငပလီအခြေစိုင် ခလရ ၅၅ တပ်ရင်းနှင့် ခမရ ၅၆၆ တပ်ရင်း များကလည်း ဟောင်ဝှစ်ဇာအမြောက်ကြီးများ နေ့ရောညပါ ပစ်ခတ်နေကြောင်းသိရသည်။

ဂေါ့တောင်အနီးဝန်းကျင်၌ ဇွန်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီ ကြား တိုက်ပွဲများကြောင့် ဂေါ့ကျေးရွာမှ ရွာခံ ၁၀၀ ဝန်းကျင်သည် ဘေးလွတ်ရာသို့ ထွက်ပြေးစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမရာဟိုတယ်အရှေ့၌ ဖမ်းဆီးပြီး ဟိုတယ်အတွင်း ပိတ်လှောင်ထားခဲ့ကြောင်း ဒေသအတွင်း သတင်းများအရ သိရသည်။

သံတွဲမြို့နှင့်ငပလီတို့အား စစ်ကောင်စီက နိုင်ငံတော်အဆင့်ဖြင့် ခုခံကာကွယ်တိုက်ခိုက်နေသော်လည်း တိုက်ပွဲမှာ တဖြည်းဖြည်း သံတွဲမြို့နှင့် ငပလီ မြို့အနီးသို့ ကပ်လာနေသည်ဟု ဒေသခံများက ပြောကြားသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...
ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...