ပင်လောင်းမြို့ရှိ စစ်ရှောင် ၁ သောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်နေ

ပင်လောင်းမြို့ရှိ စစ်ရှောင် ၁ သောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်၁ သောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပြီး အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင် ၁သောင်းခန့်သည် ၂၀၂၄ ဇန်နဝါရီလ မှစ၍ လက်ရှိအချိန်ထိ အလှူရှင်မရှိသဖြင့် ကြုံရာကျပန်း လုပ်သော်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် စားနပ်ရိက္ခာများ ပြက်လပ်မှုဖြစ်ပွားနေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြန်သွားတဲ့ လူတွေလည်း ပြန်ပြေးလာကြတာ။ အလုပ်ကလည်း ရှားတယ်။ ကြာလာတော့ စားဖို့က ခက်ခဲလာတယ်။ ဘေးအိမ်တွေချေးငှားပြီး စားနေရတာပေါ့။ စားဖို့ကဆန့်ပြုတ်တောင် လုပ်သောက် နေရတယ်။ ဆန်တွေကသိပ်မကျန်တော့ဘူး။”ဟု စစ်ရှောင်အမျိုးသားက ဆိုသည်။

လက်ရှိမှာ စစ်ဘေးရှောင်များအတွက် နေရာများသာပေးနိုင်ပြီး စားနပ်ရိက္ခာ ထောက်ပန့်ရန် အလှူရှင်မရှိသည့်အတွက် အခက်အခဲများစွာ ရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ကို နာရာပဲ ပေးနိုင်တယ်။ ဒီနောက်ပိုင်းစားနပ်ရိက္ခာတွေ က မထောက်ပန့်နိုင်တော့ဘူး ။ ရှေ့လျှောက် ကတော့ ငက်ဖို့ပဲရှိလောက်မယ်။ အပင်မြင့် ဖြစ်တဲ့ပြောင်းဖူးတွေကို တော်လှန်ရေးဖက် ပေးမစိုက်ဘူးထားတော့ ဘယ်သူမှ ပြောင်းဖူမစိုက်ရဲတော့ အလုပ်ကမရှိဘူး။နောက်ဖုန်းလိုင်းတွေကလည်း မရဘူး။”ဟု စစ်ဘေးရှောင်ကူညီ သူအမျိုးသားတစ်ဦးက ပြောသည်။

သျှမ်း-ကရင် နယ်စပ်တကြောမှ ထွက်ပြေးလာသော စစ်ဘေးရှောင်များသည် ဗန်းမောက်ရွာ၊ကုန်းဘောရွာ၊ ဆောင်လှန်ရွာ၊ဟိုဝိုးရွာ၊တောပိုကလေးရွာ စသည့် ကျေးရွာ ၈ ရွာသည် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁ သောင်ခန့်ရှိကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

စစ်ရှောင်အများစု တိုက်ပွဲများကြောင့် ကရင်နီပြည်၊ဒီမောဆို၊ဖယ်ခုံ နှင့် မိုးဗြဲစသည့် ဒေသများ မှ ပင်လောင်း မြို့နယ် အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာကပြီး ဘာသာရေးအဆောက်အဦးနှင့် နေအိမ်များတွင် နေထိုင်နေကြကြောင်း သိရသည်။

April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...