ရခိုင်က မြို့နယ်(၇)ခုတွင်သာ ကျောင်းဖွင့်နိုင်ပြီး ကျောင်းသား/ ကျောင်းသူ သုံးသောင်းကျော်သာ ကျောင်းအပ်

ရခိုင်က မြို့နယ်(၇)ခုတွင်သာ ကျောင်းဖွင့်နိုင်ပြီး ကျောင်းသား/ ကျောင်းသူ သုံးသောင်းကျော်သာ ကျောင်းအပ်

ရခိုင်ပြည်တွင်စစ်ကောင်စီက မြို့နယ် (၇)ခုတွင်သာ ကျောင်းဖွင့်ခဲ့ပြီး ကျောင်းအပ်နှံသူ မေလ ၂၆ ရက်နေ့အထိ ၃၈၀၀၀ ကျော်သာ ရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

တနိုင်ငံလုံးတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်  မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိကို  စစ်ကောင်စီက ကြေညာထားသည်။



ရခိုင်မှ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ အမ်း၊ ဂွနှင့် စစ်တွေမြို့နယ်စသည့် မြို့နယ်(၇)ခုတွင် ကျောင်းသား ၃၈,ဝဝဝ ကျော်ကျောင်းအပ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရဉ္စရာအားပြောသည်။

“လျာထားတာတော့မရှိဘူး။ ဝင်လာတာကိုလက်ခံတာပဲပေါ့။ လောလောဆယ် ခုနှစ်မြို့နယ်မှာ သုံးသောင်းကျော်လောက်ပေါ့” ဟု ၎င်းက ပြောသည်။

ကျန်နေသည့် မြို့နယ်များတွင် ကျောင်းများဖွင့်လှစ်နိုင်မည်မဟုတ်သည့်အတွက် ကျောင်းမဖွင့်နိုင်သည့် မြို့နယ် ၁ဝ ခုမှ ကျောင်းသားများအတွက် တစ်စုံတရာအစီစဉ်မရှိကြောင်း၊ လက်ရှိ (၇)မြို့နယ်တွင်သာ ဆက်လက် ဖွင့်လှစ်သွားမည်ဟု ၎င်းကဆက်ပြောသည်။

“ အဲဒါတွေက လုပ်ဖို့အစီစဉ်က လောလောဆယ်မရှိသေးဘူး။ ကျောင်းလည်းမဖွင့်ဘူးဆိုတော့ သူတို့ကို ဘယ်လိုလုပ်ရမလဲမသိဘူး” ဟုပြောသည်။

လွန်ခဲ့သည့် ၂ဝ၁၉ ခုနှစ်တိုက်ပွဲများမှစ၍ ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ရပြီးနောက် ဖုန်းနှင့်အင်တာနက်လိုင်းများ အပိတ်ခံရခြင်း၊ လမ်းခရီးများ ပိတ်ပင်ခံရမှုများကြောင့် ကျောင်းသားများ ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ကြသည်။

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃,ဝဝဝ ကျော်ရှိပြီး လက်ရှိတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရမ်းဗြဲ၊ မြေပုံနှင့်ပေါက်တောမြို့နယ်တို့တွင် စာသင်ကျောင်းများ ထောင်နဲ့ချီ၍ ပိတ်ထားရကြောင်းသိရသည်။

ရခိုင်တွင် ယခင် ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်တို့အတွင်း ကျောင်းသား၊ ကျောင်းသူ ဦးရေ သုံးသိန်းမှ ငါးသိန်းကျော်အထိ ကျောင်းအပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရသိရသည်။

ရခိုင်ရှိ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားထားသည့် စစ်အုပ်စုပိုင် နေဗီတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...