တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ အလုပ်ခေါ်စာမှတဆင့် ငွေကြေးလိမ်လည်မှုရှိနေ

တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ အလုပ်ခေါ်စာမှတဆင့် ငွေကြေးလိမ်လည်မှုရှိနေ

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ (Facebook )အကောင့်ကို အသုံးပြုပြီး အလုပ်ရှာပေးမည်ဟုဆိုကာ ငွေကြေးလိမ်းလည်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ (Facebook Page)၌ အလုပ်ခေါ်စာမှတဆင့် အလုပ်ရှာဖွေပေးရန်အတွက် ငွေအရင်လွှဲပေးရမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှု အသစ်ပေါ်ထွန်းနေသည် ဟု ကိုယ်တိုင်ကြုံတွေ့ဖူးသည့် လူငယ်များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှု၊ နိုင်ငံရေးရှုပ်ထွေးမှုကြောင့် နယ်အသီးသီးမှ ပြည်သူများသည် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့သို့ လာရောက်အလုပ်လုပ်ကြသည်။

“ အခုနောက်ပိုင်း Facebook ကနေ အလုပ်ရှာပေးမယ်ဆိုပြီး လိမ်နေတာရှိတယ်။ အဲ့ဒါက ငွေအရင်လွှဲပေးရမယ်လို့ သူကပြောတယ်။ ကျနော်လည်းအလုပ်လက်မဲ့မရှိဘူး။ အလုပ်လိုချင်တော့ ငွေလွှဲပေးပြီးနောက် သူနဲ့ဆက်သွယ်လို့ မရတော့ဘူး။ အလုပ်လည်းမရဘူး “ ဟု ငွေကြေးလိမ်လည်ခံရသည့် လူငယ်တစ်ဦးကသျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ လူမှုကွန်ရက်စာမျက်နှာ အလုပ်ခေါ်စာမှ တဆင့် ငွေကြေးလိမ်လည်မှုသည် ငွေကြေး ပမာဏာမများသော်လည် လိမ်လည်ခံရသူ အများအပြားကြုံတွေ့နေရကြောင်း ၎င်း လူငယ်က ဆိုသည်။

“ သူတို့တောင်းတဲ့ငွေက ကျပ်ငွေ ၅ထောင်၊ ၁သောင်းပဲ၊ တခါတလေကျရင် အွန်လိုင်း ကနေ တောင်းစားနေတဲ့ သဘောနဲ့ တူတယ်။ ငွေကြေးမများပေမယ့် လိမ်ခံရတဲ့ သူကနည်းတာ မဟုတ်ဘူး။ နောက်လူတွေ သတိထား နေဖို့လိုတယ်”ဟု တာချီလိတ်မြို့မှ လူငယ်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တာချီလိတ်တွင် လူမျိုးစုံနေထိုင်သည့်ဒေသဖြစ်ပြီး၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများနှင့် သူခိုး၊ဓားပြများပေါသည့် ဒေသလည်းဖြစ်သည်။

“ တာချီလိတ်က လူမျိုးစုံပြီး လောင်းကစားတွေ သူခိုးတွေလည်းပေါတယ်လေ။ ဓားပြလည်းရှိတယ်။ စစ်အာဏာသိမ်း ပြီးနောက်မှာ သက်ဆိုင်ရာတိုင်ကြားလည်း ဘာမှ မထူးဘူး။ တမင်လွတ်ထားသလိုပဲ” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်မဒေသတွင် အလုပ်အကိုင်အခွင့်အရေး ပိုမိုရှားပါးလာသဖြင့် နယ်ဝေးမှ လာရောက်လုပ်ကိုင်သူများကြောင်း၊ ထိုသူများကို ငွေကြေးလိမ်လည်သူများက အဓိကပစ်မှတ်ထားပြီး အလုပ်အကိုင်ခေါ်စာမျိုးစုံ တင်ကာ ငွေကြေးလိမ်လည်နေကြောင်း သိရသည်။

တာချီလိတ်မြို့သည် မူးယစ်ဆေးဝါး၊ ကာစီနိုလောင်းကစားရုံ ၊ ကျားဖျန့်အွန်လိုင်းငွေလိမ်မှု စသည့် တရားမဝင်လုပ်ငန်းများ ရှိနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ 1G1 ဟိုတယ်အနီးရှိ အွန်လိုင်းလုပ်ငန်းနေရာကို ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံခြားသားအပါအဝင် မြန်မာနိုင်ငံသားလူငယ်စုစုပေါင်း ( ၆၈၉ ) ဦး ဖမ်းဆီးခဲ့သည်။

အလားတူ တာချီလိတ် ပုန်းထွန်ရပ်ကွက် စိမ်းလမ်းသောတောင်အနီးတွင် တည်ရှိသည့် ကျားဖြန့်လုပ်ငန်းကို မတ်လ ၅ ရက်တွင် စစ်ကောင်စီက ထပ်မံဝင်ရောက်စီးနင်းရာ လူ (၁၀၀) ကျော် ဖမ်းဆီးခံခဲရကြောင်း သိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...