တိုက်ပွဲကြောင့် ပျက်စီးသွားသည့် မဲနယ်တောင်ဒေသ နေအိမ်များ ကိုယ်ထူ၊ကိုယ်ထ ပြန်ဆောက်ရ

တိုက်ပွဲကြောင့် ပျက်စီးသွားသည့် မဲနယ်တောင်ဒေသ နေအိမ်များ ကိုယ်ထူ၊ကိုယ်ထ ပြန်ဆောက်ရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတွင် တိုက်ပွဲကြောင့်ပျက်စီးသွားသည့် နေအိမ်များကို ပြည်သူများက ကိုယ်ထူ၊ကိုယ်ထ နည်းစနစ်ဖြင့် ပြန်ဆောက်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၌ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ( PNLO/PNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ် (၁၅၀)  လုံး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

ထိုပျက်စီးသွားသည့် နေအိမ်များမှာ ဟိုပုံး မဲနယ်တောင်ဒေသ ဖြစ်သည့် ကျောက္ကချား၊ ပင်လျံ ၊ နမ်းဟူး ကျေးရွာ များတွ၍်  စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ်ပေါင်း (၁၅၀ )ကျော် ပျက်စီးခဲ့သည်။

ထို့ကြောင့် ပျက်စီးသွားသည့် နေအိမ်များကို အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများက ပြန်လည်ဆောက်လုပ်ပေးနေကြကြောင်း မဲနယ်တောင် ဒေသခံတစ်ဦးက သျှမ်းသံတော် ဆင့်ကိုပြောသည်။

“ ရွာကလူတွေနဲ့ အနီးနားက ရွာတွေက ဆောက်ပေးရမဲ့ အိမ်ကို မဲနှိုပ်ရွေးကြတယ်။ အိမ်အနေအထားလေးကတော့ အသင့်ပါပဲ။ အထပ်သားလေးနဲ့ ထရံကာလေးနဲ့ဆိုတော့ အဆင်ပြေသွားတယ်” ဟု ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးထံမှ သိရပါသည်။

ဟိုပုံးမြို့နယ် ပင်လျံကျေးရွာတွင် နေအိမ်နှင့်ဘုန်းကြီးကျောင်း အပါအဝင် အဆောက်အဦး ၄၂ လုံးပျက်စီးခဲ့ပြီး၊ နမ်းဟူ ကျေးရွာတွင် နေအိမ် စုစုပေါင်း ၆၆ လုံး မီးလောင်ပျက်စီးခဲ့ကာ လက်ရှိတွင် ဘေးပတ်ဝန်းကျင် ရွာများက သွားရောက် ကူညီဆောက်လုပ်ပေးနေကြကြောင်း စုံစမ်းသိရှိရပါသည်။

ပျက်စီးသွားသည့် နေအိမ်များကို ဆောက်လုပ်နေစဥ်ကာလအတွင်း ပြည်သူများသည် ကျေးရွာစာသင်ကျောင်းနှင့် ဆေးခန်းတွင် စုပေါင်း နေထိုင်ခဲ့ရကြောင်း သိရသည်။

“ အိမ်က လက်နက်ကြီးကြောင့် မီးထဲပါသွားတာ၊ နေစရာမရှိတုန်းကတော့ ရွာက စာသင်ကျောင်းးတွေ ဆေးခန်းတွေမှာ စုပြီးနေရတယ်။ ခုလို ရွာတွေက စုပေါင်းဆောက်လုပ်ပေးတော့ ဝမ်းသာမိတယ်။ တချို့ကတော့ တဲလေးတွေ ထိုးပြီးနေရတယ်။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။

လက်ရှိတွင် ကျေးရွာလူကြီးနှင့် သံဃာတော်များက ဦးဆောင်ဆောက်လုပ်ပေးနေပြီး ပြည်ပ ထိုင်းရောက်အလှူရှင်နှင့် ပြည်တွင်းမှ အလှူရှင်များလည်း ကူညီပေးနေကြောင်း သိရှိရပါသည်။

သျှမ်းတောင် ၃ လ ကျော် တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး လေကြောင်းတိုက်မှု များနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူများ သေဆုံးမှု စုစုပေါင်း ၉၆ ဦး အထိရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ စုစုပေါင်း ၉၂ ဦးထိ ရှိနေကြောင်း ပအိုဝ်းလူငယ် အစည်းအရုံးမှ မေ ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...