တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရပြီး ၁၃ ဦး အသတ်ခံရ

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရပြီး ၁၃ ဦး အသတ်ခံရ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၃ ဦး သေ ဆုံးခဲ့ပြီး ၁၁၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ FE5 Tanintharyi ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းမှုကြောင့် အသတ်ခံရမှုတွေ ပြန်ဖြစ်လာသလို စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေ ရှိနေတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာ၊ စစ်ကြောင်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်တာ၊ ဖမ်းဆီးခံရချိန်မှာ သေဆုံးတာနဲ့ ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးငွေညှစ်မှုတွေရှိခဲ့တယ်လို့ FE5 Tanin tharyi ကဆိုပါတယ်။

တစ်ဖက်မှာလည်း ပြည်သူကာကွယ်ရေးအဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေးကြောင့် သတ်ဖြတ်ခံရသူ ၃ ဦးထဲမှ တစ်ဦးဟာ မှားယွင်းစွာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောဆိုချက်တွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ် ပြင်းထိန်ရွာရှိ စစ်ကောင်စီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူဆိုတဲ့  ဦးကြည်လေးကို သွာရောက်ဖမ်းဆီးရာမှာ မတော်တဆပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ကျေးရွာဒေသခံတွေနဲ့ ဒေသတွင်းအင်အားစု ၁၃ ဖွဲ့က ဦးကြည်လေးဟာ စစ်ကောင်စီ သတင်းပေး မဟုတ်တဲ့အတွက်ကြောင့် အသတ်ခံရမှုအပေါ် တရားမျှတမှုရရှိဖို့ အမျိုးညီညွတ်ရေးအ စိုးရ NUG ကို တိုင်ကြားထားပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှုတွေလည်းရှိခဲ့ပြီး ဧပြီလအတွင်း လက်နက် ကြီး ကျရောက်ပေါက်ကွဲမှု၊ စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိမှုနဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရမှုကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့ပြီး ကျန် ၅  ဦးမှာ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရတယ်လို့ FE5 Tanintharyi က ဆိုပါတယ်။

ဧပြီလအတွင်း တစ်ကျော့ပြန် တိုက်ပွဲ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကြောင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှာ အရပ်သားပြည်သူ ၉၄ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၇၆ ဦး ပြန်လွှတ်ခဲ့ကာ ၂ ဦးသေဆုံးခဲ့ပါတယ်။

မြိတ်မြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေမှ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၀ ဦး ထက်မနည်းရှိခဲ့ပြီး အားလုံး ပြန်လည်လွတ်မြောက်ခဲ့ပြီး ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရသူ ၉ ဦး ရှိခဲ့ ပြီး နောက်ဆက်တွဲ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ပြည်သူ ၂၆၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...
April 22, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ်...