စစ်ရှောင်ကူညီသူ အမျိုးသား နှစ်ဦးကို စစ်ကောင်စီနှင့်ပြည်သူ့စစ် သတ်ဖြတ်

စစ်ရှောင်ကူညီသူ အမျိုးသား နှစ်ဦးကို စစ်ကောင်စီနှင့်ပြည်သူ့စစ် သတ်ဖြတ်

သျှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊နောင်ရင်းရွာနေ ခွန်ဇာခွန်နှင့် ညီဖြစ်သူ ခွန်ပလွန် တို့သည် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်း အမျိုးသားလွှတ်မြှောက်ရေးတပ်မတော်PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံထံမှသိရသည်။

မေလ (၁၀)ရက် နံနက်အစေားပိုင်တွင် စစ်ရှောင်နေသူဖြစ်သလို  စစ်ရှောင်များကိုလည်းကူညီနေသည့် ခွန်ဇာခွန်တို့ညီအစ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက နောင်ရွာခေါ်ပြန်ခဲ့ပြီး အရောက်တွင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုလို မျိုးပြည်သူလူထုကို ကူညီနေတဲ့သူကို သတ်ဖြတ်တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေဖြစ်ပါတယ်။ အခုလိုမျိုး အပြစ်မဲ့ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကို အရေးယူဖို့လိုအပ်ပါတယ်”ဟု ခွန်ရိန်းယံက ဆိုသည်။

ခွန်ဇာခွန်သည် နောင်ရင်းရွာ သူကြီးလည်းဖြစ်ပြီး စစ်ရှောင်အရေး၊ရပ်ရွာအရေးများကို ဦးဆောင်ပြီး ပြုလုပ်နေသူလည်းဖြစ်ကြောင်း သိရသည်။

နောင်ရင်းရွာခံအမျိုးသားတစ်ဦးက “နှစ်ဦးစလုံးက အသက်၃၀ကျော်တွေဖြစ်တယ်။သေဆုံးပြီး သူ့တို့နှစ်ဦးစလုံး ခန္ဓာကိုယ်ပေါ်တွေ မျက်နှာတွေ စုတ်ပြတ်သတ်နေတာပဲ။ သွားတွေလည်း ကျွတ်တယ် ကြည့်လို့တောင် မရဲတဲ့အခြေအနေဖြစ်တယ်။”ဟု ပြောသည်။

သျှမ်းတောင်တိုက်ပွဲ ဖြစ်ပွားသည့် ၁၀၅ရက်အတွင်း တိုက်ပွဲကြားတွင် အရပ်သား ၆၇ဦး သေဆုံး ခဲ့ရကြောင်းပအိုဝ်းလူငယ်အစည်းအရုံး PYOထုတ်ပြန်ချက်အရသိရသည်။

Most read this week

September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...
မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...