မောင်တောမြို့အနီးရှိ ရွှေရင်အေးနှင့်ညောင်ချောင်းကျေးရွာအား စစ်ကောင်စီမီးရှို့

မောင်တောမြို့အနီးရှိ ရွှေရင်အေးနှင့်ညောင်ချောင်းကျေးရွာအား စစ်ကောင်စီမီးရှို့

ရခိုင်ပြည် ၊မောင်တောမြို့အနီး ရွှေရင်းအေး(ရခိုင်)ကျေးရွာ နှင့် ညောင်ချောင်း (မွတ်ဆလင်) ကျေးရွာအားများအား ယနေ့ မေလ ၉ ရက် မနက် ၅ နာရီမှစပြီး စစ်ကောင်စီက မီးရှို့လျှက် ရှိနေကြောင်း ဒေသခံ မွတ်ဆလင်များထံမှသိရှိရသည်။

"ညောင်ချောင်းက မွတ်ဆလင်ရွာ၊ ရွှေရင်အေးကရခိုင်ရွာပါ။ မီးလောင်နေတာဒီနေ့မနက် ၅ နာရီကတည်းကပါ။ အခုလည်းလောင်နေတုန်းပါ။ မြို့ပေါ်ကမြင်နေရပါတယ်"ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ရွှေရင်းအေး(ရခိုင်)ကျေးရွာ၌ အိမ် ၁၅၀ ကျော်ရှိပြီး နှင့် ညောင်ချောင်း(မွတ်ဆလင်)ကျေးရွာ၌ အိမ်ခြေ ၂၀၀ ခန့်ရှိသောကျေးရွာများဖြစ်ကြပြီး ဗောဓိကုန်းစခန်းတိုက်ပွဲကာလမှ စပြီး လူနေထိုင်ခြင်း မရှိကြောင်း ဒေသခံများထံမှသိရသည်။

ယခုကဲ့သို့ မောင်တောမြို့အနီး ကျေးရွာနှစ်ရွာအား စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ မီးရှို့နေခြင်းမှာ နခခ(၅) အားဒရုန်းများ၊ ရှောတိုက်ဒုံးများဖြင့် တိုက်ခိုက်ခံနေရသဖြင့် AA မှ ၎င်းကျေးရွာများအား အကာအကွယ်ယူကာ တိုက်ခိုက်လာမည်ကို စိုးရိမ်၍ မီးရှို့ခြင်း  ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုသည်။

"ဝေသာလီကျေးရွာကလည်း နခခ(၅)ကို လှမ်းမြင်နေရတဲ့ ရွာတစ်ခုဖြစ်တယ်။ အခု ရွှေရင်အေးနဲ့ ညောင်ချောင်းရွာတွေကလည်း နခခ(၅)တောင်ဖက်မှာအနီးဆုံးရှိနေတဲ့ရွာတွေဆိုတော ရှင်းလင်းလိုက်တဲ့ သဘောပါ"ဟု ပြောဆိုသည် မောင်တောမြို့ ၃ မိုင်အနီး ဝေသာလီကျေးရွာအား မေလ ၇ ရက် မနက်အာရုံ ၁ နာရီကျော်၌ စစ်ကောင်စီမွတ်ဆလင်စစ်သားများဝင်ရောက်မီးရှို့ခဲ့ရာ လူနေအိမ် ၁၆ အိမ်မီးလောင်ခဲ့ရပြီး ကျေးရွာဒေသခံအမျိုးသမီး ၁ သေနတ်ပစ်ခံရပြီးသေဆုံးခဲ့ရသည်။

မောင်တောမြို့တောင်ဖက်ရှိ စစ်ကောင်စီတပ်ရဲ့ နခခ(၅)၏ အဓိက ကာကင်းဖြစ်သည့် ဗောဓိကုန်း စခန်းအား ဖေဖော်ဝါရီလ ၆ ရက်ကတည်းက အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ခဲ့သည်။ 

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...