စစ်ရေးတင်းမာလာသည့်အမ်းမြို့မှ နိုင်ငံရေးအကျဉ်းသားများကို ရန်ကုန်သို့ လေယာဉ်ဖြင့် ပို့ဆောင်

စစ်ရေးတင်းမာလာသည့်အမ်းမြို့မှ နိုင်ငံရေးအကျဉ်းသားများကို ရန်ကုန်သို့ လေယာဉ်ဖြင့် ပို့ဆောင်

စစ်ရေးအခြေအနေ တင်းမာလာသည့် ရခိုင်ပြည်၊ အမ်းမြို့မှ နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူများကို ရန်ကုန်သို့ ပို့ဆောင်လိုက်သည်ဟု သတင်းရရှိသည်။

အမ်းမြို့တရားရုံးတွင် နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆို အမိန့်ချခံထားရသည့် အကျဉ်းသား/အကျဉ်းသူနှင့် အမိန့်မချမှတ်ရသေးသည့် သူများကို မတ်လ ၂၄ရက် မနေ့ နံနက် ၁၀ နာရီ ခန့်က အမ်းလေဆိပ်မှ တစ်ဆင့် ရန်ကုန်သို့  ပို့ဆောင်ထားသည်ဟု အမ်းမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" နိုင်ငံရေးပုဒ်မနဲ့အမိန့်ချတဲ့သူရော၊မချတဲ့သူရော သိရသလောက် ၁၅ ယောက်လောက်ကို မနေ့ မနက်က အမ်းလေဆိပ်ကိုပို့တယ်။ အဲဒီကတစ်ဆင့် ရန်ကုန် အင်းစိန်ကိုပို့တယ်လို့ သိရတယ်။ ဟိုတနေ့က ထောင်၃နှစ်ချမှတ်ခံရတဲ့ မတင်နီလာအောင်နဲ့မမိုးပွင့်ဖြူလည်းပါတယ် " ဟုပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီသည်အကျဉ်သားနှင့်အကျဉ်းသူများကို မည်သည့်အကြောင်းကြောင့် ပြောင်းရွှေ့သည်ကို မသိရသေးသော်လည်း အမ်းတွင် စစ်ရေးအခြေအနေတင်းမာလာ၍ ပို့ဆောင်ခြင်းဖြစ်နိုင်သည်ဟု  မိသားစုဝင်တစ်ဦးကနိရဉ္စရာကိုပြောသည်။

" သူတို့ပြောင်းတဲ့ထဲမှာ သမီးမိန်းကလေးပါတယ်ဆိုတော့ စစ်ကောင်စီက စစ်မှုပဲထမ်းခိုင်းမလား ဒါမှမဟုတ် ရခိုင်မို့လို့  မတရားနှိပ်စက်မလားစိုးရိမ်လို့ အသက်ရှုတောင်မဝဘူး။ ဘာကြောင့် ဒီလိုပြောင်းတာလဲလို့ မသိရဘူး။ အမ်းမှာရှိတုန်းကတောင် တွေ့ချင်တဲ့အချိန် တွေ့ခွင့်မရတာ။ ရန်ကုန်ရောက်ရင် ပိုဝေးပြီ " ဟု ၎င်းက ပြောသည်။

လက်ရှိ အမ်းမြို့နှင့် သိပ်မဝေးသည် ပြောင်သေကျေးရွာအနီးရှိ တောင်တန်းများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကာ သေနတ်သံများကို အမ်းမြို့ပေါ်ကလည်း  ကြားနေရသည်ဟု သိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...