ရမ်းဗြဲတွင် AA ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ စစ်ကူလာသည့်နေဗီ လှည့်ပြန်သွားရ

ရမ်းဗြဲတွင် AA ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ စစ်ကူလာသည့်နေဗီ လှည့်ပြန်သွားရ

ရခိုင်ပြည်၊ ရမ်းဗြဲမြို့ကို စစ်ကူလာသည့် စစ်ကောင်စီ၏ ဇက်နေဗီအား ရက္ခိုင့်တပ်တော်(AA)က ပစ်ခတ် တိုက်ခိုက်၍ နေဗီအားထိမှန်၍ မီးခိုးလုံများထွက်ကာလှည့်ပြန်သွားရကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက် ည ၉ နာရီခန့်တွင် ကလိန်တောင်မြစ်ကြောင်း၊ ပြင်ချောင်းကြီးရွာအနီးမှာ စစ်ကူလာသည့် ဇက်နေဗီ နှင့် အေအေတို့ အပြန်အလှည် ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့ခံတစ်ဦးက " လက်နက်ကြီး ၊ လက်နက်ငယ် ပေါက်သံတော့ တအားကြားရတယ်။ နေဗီနဲ့ အပြန်အလှန်ပစ်ကြတာပါ။ တန်းချောင်းဝကမ်းကို စစ်ကူတင်ဖို့လာတဲ့ နေဗီနဲ့ အေအေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ကြတာလို့ သိရပါတယ်"ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွါးနေစဥ်အတွင်း စစ်ကောင်စီက Y-12 စစ်လေယာဥ်များဖြင့် လေကြောင်း ပစ်ကူကာ ရမ်းဗြဲမြို့ထဲကိုလည်း ဗုံးအကြိမ်ကြိမ်ကြဲကာ မြို့ အား အစွမ်းကုန်ဖျက်ဆီးရန် ကြိုးပမ်း လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ တဆင့်သိရသည်။

"မြို့ထဲက Y-12 နှစ်စီးလို့တောင် ယူဆရတယ်။ အသံက နှစ်ခုကြားရတယ်။ မြို့ထဲကို တစ်ခါချရင် လေး၊ငါး၊ခြောက်လုံး၊ ခုနှစ်လုံးချပြီး အကြိမ်ကြိမ်ကြဲချတာ"ဟု ပြောသည်။

တိုက်ပွဲ တစ်နာရီခန့် အပြင်းအထန်ဖြစ်ပွါးခဲ့ပြီးနောက် အေအေပစ်ခတ် လက်နက်ကြီးကျည်များ ထိမှန်ကာ ည ဆယ်နာရီခွဲခန့်တွင် ဇက်နေဗီမှာ မီးခိုးများထွက်ပြီး လှည့်ပြန်သွားသည်ဟု အေအေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဇက်နေဗီကတော့ မီးခိုးတွေထွက်ပြီး လှည့်ပြန်သွားတယ်။  စစ်ကူတွေနဲ့ ကမ်းမကပ်နိုင်ဘဲ လှည့်ပြန်သွားတယ်။ လေယာဥ်တွေကတော့ ည ၁၁ နာရီခွဲအထိ တစ်စီးပြီးတစ်စီး ဗုံးလာကြဲပါတယ်"ဟု ပြောသည်။

ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်က အထိနာနေသည့်အတွက် အင်အားထပ်ဖြည့်ရန် ကြိုးစားနေခြင်း ဖြစ်ပြီး လေကြောင်း အများဆုံးအသုံးပြုကာ အေအေ လက်ထဲမကျရောက်စေရေး အပြင်းအထန် ခုခံနေခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ရခိုင်မှာ ဖေဖော်ဝါရီ (၇) ရက်မှ (၁၃) ရက်အထိ၊ ခြောက် ရက်တာ ရေကြောင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီး နှင့် ဇက်သင်္ဘော (၂) စီး စုစုပေါင်း (၅) စီးအား ရက္ခိုင့်တပ်တော် မှ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး အခြားသော (၄) စီးမှာလည်း ခုတ်မောင်း၍ မရနိုင်သည်အထိ ပျက်စီးသွားခဲ့ကြောင်း အေအေက ထုတ်ပြန်ထားသည်။ 

ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...