“ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်အခြေအနေ ပိုမိုဆိုးလာပါလိမ့်မယ်”

“ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်အခြေအနေ ပိုမိုဆိုးလာပါလိမ့်မယ်”

ဒေါက်တာလှကျော်ဇော — စစ်ကောင်စီက ပြည်သူ့ စစ်မှုထမ်းဟောင်း ဥပဒေကို ဒီလ ၁၀ ရက်နေ့က ပြဌာန်းခဲ့ပါတယ်။ ဒီလို ဥပဒေပြဌာန်းလိုက်တဲ့ အတွက် မြန်မာလူထုအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါသလဲ။  မြန်မာနိုင်ငံရေး၊ စစ်ရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကို နိရဉ္စရာသတင်းဌာနအကြီးတန်းသတင်းထောက်တစ်ဦးက မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

မေး- အခုပြည်သူ့ စစ်မှုထမ်းဥပဒေကိုပြဌာန်းလိုက်တော့ မြန်မာနိုင်ငံမှာဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ် လာနိုင်ပါသလဲ။

ဖြေ- ကျွန်မကြည့်တာလေ စစ်ကောင်စီက တော်တော် ကယောင်ကတမ်းတွေတော့ ဖြစ်နေပြီထင်တယ်။ ဒီဟာ ဘယ်လို ခေါ်မလဲ အသွားနှစ်ဖက်ရှိတဲ့ဓားပဲလေနော်။ တစ်ခုက သူတို့စစ်တပ်က ဆုံးရှုံးတဲ့ဟာ တွေများလာ တာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့စစ်ထဲ ဝင်အောင်အတင်းဆွဲရတဲ့ ဟာမျိုးလည်းဖြစ်တယ်။ တဖက်ကလည်းပဲ ဟိုနေက ဗိုလ်ကြီးနေမျိုးဇင်လားဘာလားမသိပြောနေတာ ပြည်သူလူထုကို လက်နက်တပ်ဆင်ပေး သလိုလည်း ဖြစ်တယ်ဆိုတော့။ အခုကျွန်မအင်တာနက်မှာတွေ့နေတယ်။ မရမက အခေါ်ခံရတဲ့ စစ်သားပဲဖြစ်ဖြစ် ရဲပဲဖြစ်ဖြစ် အချိန်မရွေး ကျွန်တော်တို့ကို ဆက်သွယ်နိုင်တယ်ဆိုပြီး CDM အဖွဲ့ကပြောနေ တာတွေ လည်းရှိတယ်။ ကျွန်မကြည့်တာ ဗမာပြည်အခြေအနေက ပိုမိုဆိုးလာပါလိမ့်မယ်။ စစ်ကောင်စီကလည်း ကယောင်ကတမ်း ပရမ်းပတာတွေ လုပ်လာလိမ့်မယ်ထင်တယ်။ ကျွန်မတို့ တော်လှန်ရေးဘက်ကတော့ ကိုယ့်လုပ်စရာရှိတာပဲ။ စစ်ကောင်စီကြည့်ရတာကတော့ တော်တော်ကို ပရမ်းပတာ ဖြစ်တာဗျ။ အခုဒီ စစ်မှုထမ်းဥပဒေကလည်း ကျွန်ဆက်လုပ်နေရုံပဲ။ ကျွန်မတို့ဖက်က လက်ဦးမှုရှိရှိ အသုံးချနိုင်ရင် အကောင်း ဘက်ရောက်မှာပဲ သူတို့ခေါ်ပြီးစစ်ပညာသင်ပေးမယ်။ စစ်လက်နက်ပစ္စည်းတပ်ပေးမယ်။ ပြီးတဲ့အခါကျတော့ တော်လှန်ရေးထဲ လာဖို့ စည်းရုံး လို့လည်း ရသွားမှာပေါ့ဗျ။ ဒါပေမယ့် ကျွန်မကြည့်တယ်။ ဒါလည်းသိပ် လွယ်မှာတော့ မဟုတ်ပါဘူး။လူတွေနည်းလမ်းပေါင်းစုံနဲ့ ဖြစ်မှာပဲ။ စစ်ကောင်စီကသိပ်သေချာသွားပြီသူတို့မှာ စနစ်တကျ၊ ဗျူဟာကျကျ ဟိုဟာ တစ်ခုလုပ်လိုက် ဒီဟာတစ်ခု လုပ်လိုက် အဆင်မပြေ ပြောင်းလိုက်နဲ့သူ တို့တော်တော် ကယောင်ခြောက်ခြားတော့ ဖြစ်နေပြီ။ အဲ့ဒါကတော့သေချာပါတယ်။

မေး- တချို့သုံးသပ်တာက အခုစစ်မှုထမ်းဥပဒေဟာ အခြေခံလူတန်းစားကို ပိုသက်ရောက်မှု ရှိနိုင်မယ်။  ရှေ့တန်းထွက်တဲ့ အခါ ရှေ့က သူတို့ကို အသေခံခိုင်းမယ်ဆိုပြီးတော့လည်း ပြောဆို ဝေဖန်မှုတွေရှိနေတယ်။ ဒါနဲ့  ပတ်သက်ပြီး သုံးသပ်ပေးပါ။

ဖြေ- ကျွန်မ မြောက်ပိုင်းက အဖြစ်အပျက်ကိုကြည့်တာလေ။ ဟိုစစ်သားတွေလည်း ကျွန်မတို့ စည်းရုံးနိုင်ရင် ဘာမှ ရှေ့က အသေခံထားစရာမလိုဘူးလေ။ အကုန်လုံး ဘက်ပြောင်းလာအောင် ကြိုးစားလို့ရတာပေါ။ အသေ ခံခိုင်းလည်း သူတို့ အသေခံချင်မှဖြစ်တာလေ။ ခင်ဗျားမြင်တဲ့ အတိုင်း မြောက်ပိုင်းမှာ ပေးထားတဲ့ လက်နက်များ နည်းသလား။ ဘယ်သူမှမပစ်ပါဘူး။  အကုန်လုံးထိုးအပ်ခဲ့ပြီး လက်နက်ချသွားတာ။ ကြာလေ အဲ့လိုပုံစံတွေ ဖြစ်လေ ဖြစ်လာနေမှာပဲ။ စိတ်တော့ ပူစရာရှိတာပေါ့ဗျာ။  ဒါပေမယ့် ကျွန်မတို့ တော်လှန်ရေးဘက်က လူတွေက စည်းရုံးမှု သွက်သွက်လက်လက် လုပ်ဖို့တော့ လိုတာပေါ့။ ကျွန်မ ဒီနေ့တော်တော် သဘောကျပါတယ်။ ချက်ချင်းကို CDM လုပ်ထားတဲ့အဖွဲ့တွေက ချက်ချင်းကြေညာတာ တက်လာပြီဗျ။ အဲ့လိုဟာမျိုးနဲ့ လက်ဦးမှု ရှိရှိ လုပ်နိုင်ရင် လွယ်ပါတယ်။ စစ်တပ်ကို သူတို့ဖွဲ့ချင်တိုင်း ဖွဲ့လို့ရတာမှ မဟုတ်တာ။ သိပ်ပူစရာမဖြစ်ပါဘူး။

မေ- အခု ပြည်သူ့စစ်မှုထမ်းဥပဒေကိုတော့ စစ်ကောင်စီက ထုတ်ပြန်တော့ သားသမီးရှိတဲ့ မိဘတွေ အရမ်း စိုးရိမ်နေတာကို တွေ့ရပါတယ်။ ဒီအပေါ်မှာကော ဘယ်လိုမြင်မိပါသလဲ။

ဖြေ- ပူစရာမလိုပါဘူး။  စစ်တိုက်တယ်ဆိုတာ ကိုယ်ကစိတ်ပါမှ ကိုယ်ကယုံကြည်ချက်ရှိမှ ကိုယ်ကတက်ကြွမှ လုပ်လို့ရတာ။ သူတို့ခေါ်သွားလည်း ခေါ်သွားပေါ့။ ဘာဖြစ်လည်းလိုက်သွား ရုံပေါ့။ လိုက်သွားပြီးကိုယ် အဆင် ပြေတဲ့ တချိန် လုပ်လာမှာပဲ။ ခုနက ပြောသလိုပဲ မြောက်ပိုင်းကမိတဲ့ လက်နက်တွေလည်း ဘာမှမလုပ်ပဲနဲ့ကို လက်နက်ချသွားတာ။ စစ်တိုက်တယ်ဆိုတာ အဲ့လိုလုပ်ခိုင်းလို့မရဘူးဗျ။ အဲ့လိုလုပ်လည်း လုပ်ပေါ့။ ခေါ်သွားလိုက် သွားလိုက်ပေါ့။ ကိုယ်ရှောင်နိုင်ရင်ရှောင်၊ မရှောင်နိုင်လို့ ခေါ်သွား လိုက်သွားလိုက်ပေါ့။ ပြီးတော့မှ ကိုယ့်ဟာကိုယ် လွတ်ရာလွတ်ကြောင်း ရှာပေါ့။ အထူးသဖြင့် ရန်ကုန်လိုမြို့ကြီးပြကြီးတွေမှာ ဒီထက်ပိုပြီးတော့ ယုတ်ကန်းလို့ မရပါဘူး။ ခေါ်သွားရင် လိုက်သွားကြပြီး ကိုယ့်ဟာကိုယ် လွတ်ရာလွတ်ကြောင်းရှာပေါ့။ ကျွန်မတို့ တော်လှန်ရေး သမားတွေဘက်ကလည်း လက်ဦးမှုရှိရှိ ဆက်သွယ်ဖို့လိုတယ်။ အခုလိုသတင်းတွေ ဘာတွေ မကဘူး လူပါဆက်သွယ်ပြီး ဒီလူတွေ ပြန်ထုတ်နိုင်အောင် ကြိုးစားရမယ်။

မေး- ဒီလို တိုင်းပြည် အခြေအနေက အရမ်းဆိုးလာတော့ စစ်ကောင်စီရဲ့အခြေအနေဟာ ဘယ်လို ဖြစ်လာတာလဲ။

ဖြေ- ကျွန်မတို့နွေဦးတော်လှန်ရေးဟာ ကျွန်မအကြိမ်ကြိမ်လည်းပြောပါတယ်။ ကျွန်မတို့ အနှစ် ၆၀ ကျော် ၇၀ နီးပါးတိုက်လာတဲ့ စစ်အာဏာရှင်စနစ်တိုက်ပွဲစဉ်ကြီးရဲ့နောက်ဆုံး တိုက်ပွဲပဲ။ ဒီစစ်နစ်ဟာ ဒီပွဲမှာ မုချကျဆုံးမှာပဲ။  ဒါပေမယ့် ဘယ်လောက်ကြာမယ်တော့ မခန့်မှန်းနိုင်ဘူးပေါ့ဗျာ။ ဘယ်အပေါ်မှာမူတည်လည်းဆို ကျွန်မတို့ စစ်အာဏာရှင် စနစ်ကို မကြိုက်တဲ့ လူတွေအားလုံး တစ်စုတစ်စည်းနဲ့ တက်တက်ကြွကြွနဲ့ ဟန်ချက် ညီညီ တိုက်ဖို့၊ တိုက်ရင်တိုက်နိုင်သလို အောင်ပွဲက ပိုနီးနိုင်ပါတယ်။ တခြားဟာ မကြည့်နဲ့ မြောက်ပိုင်းက MMDAA အကြိမ်ပေါင်းများစွာ ပြန်တိုက်ပြီးပြီ စစ်ကောင်စီကို တောက်လျှောက်လည်းတိုက်နေတာ အနှစ် ၂၀ ရှိပြီ။ ဒီအချိန်မှာသူရဲ့ သေနင်္ဂဗျူဟာ တွေမှန်တာလည်းပါတာပေါ့။  အားလုံးကို စုစည်းလိုက်နိုင်တယ်။ နွေဦးတော် လှန်ရေး အရှိန်နဲ့လည်း ပေါင်းစပ်နိုင်တာမှာ အေင်ပွဲရတာပဲ။ ဒါက တပြည်လုံးက နွေဦးတော်လှန်ရေး ကိုပေးလိုက်တဲ့ သင်ခန်းစာဗျ။ ကျွန်မတို့ တပ်ပေါင်းစုကို ကောင်းကောင်းမွန်မွန်ဖွဲ့နိုင်ရင် ဟန်ချက်ညီညီ လုပ်နိုင်ရင် စစ်တပ်က ပြိုမယ်ဆိုတာပေးလိုက်တဲ့ သင်ခန်းစာပဲ။ သိပ်ကောင်းတဲ့သင်ခန်းစာ။ ဒါကြောင့်ပြည် သူလူထု စိတ်မပူစေချင်ဘူး။ ကျွန်မက ဒီတစ်ခေါက် ကျွန်မလည်းတက်ကြွတယ်။ ကျွန်မလည်း တော်လှန်ရေး လုပ်နေတာ အနှစ် (၄၀)  နီးပါးရှိပြီ။ ၁၉၇၆ ကတည်းက ရန်ကုန်အိမ်ကထွက်လာတာ တောက်လျှောက် တရက်မှ ကျွန်မ မပြတ်ဘူး။ စစ်အာဏာရှင်စနစ်ကို ဘာနဲ့တိုက်ရတိုက်ရ ဘာမှမလုပ်နိုင်လည်း စာလေးနဲ့ပဲ ရေးရေး။ အခု ခင်ဗျားတို့ အင်တာဗျူးမှာပဲဖြစ်ဖြစ် ကျွန်မပြောနေတာပဲ။ အနှစ် ၄၀ရှိပြီ ဒီတခါတော့ အပြတ် ဖြစ်တော့မယ်လို့ ကျွန်မစိတ်ထဲမှာ ယုံကြည်မိတယ်။ ဒါကြောင့် ပြည်သူလူထုလည်း ဒီတစ်ချီတော့ တောင့်ထားကြပါ။ ဆက်ကြိုးစားကြပါလို့ ကျွန်မပြောချင်တယ်။ အောင်ပွဲရဖို့ နီးပါပြီ နီးပါပြီ။

Most read this week

May 8, 2024
ရခိုင်ပြည်တွင် အကြမ်းဖက် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း အန္တရာယ်မှာ တစ်နေ့ထက်...
May 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီခန့် အကြီးပိုင်းဝန်ထမ်းများအား...
May 6, 2024
အာရက္ခတပ်တော်(AA) မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင် အခြေစိုက် စကခ (၁၅)...