ပန်ဆိုင်းမြို့ လျှပ်စစ်မီးကို MNDAA က တရုတ်နိုင်ငံမှတဆင့် ပြန်သွယ်တန်းပေးနေ

ပန်ဆိုင်းမြို့ လျှပ်စစ်မီးကို MNDAA က တရုတ်နိုင်ငံမှတဆင့် ပြန်သွယ်တန်းပေးနေ

သျှမ်းပြည် ပန်ဆိုင်းမြို့ မှ လျှပ်စစ်မီးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က တရုတ်နိုင်ငံမှတဆင့် ပြန်လည် သွယ်တန်းပေးနေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် ဒီဇင်ဘာလ လလယ်မှစ၍ လျှပ်စစ်မီးကို MNDAA က တရုတ်နိုင်ငံမှ တဆင့် သွယ်တန်းပေးပြီး တစ်ယူနစ်လျှင် တရုတ်ယွမ်ငွေ ၂ ယွမ် (မြန်မာငွေ ၈၀၀ ကျပ်) ဖြင့် MNDAA ထံပေးသွင်းရကြောင်းဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်မီတာပေါက်အဟောင်းကို မှ တရုတ်ကနေလာတဲ့ မီးကိုပြန်သွယ်တာပေါ့။ မီးယူရင်တော့ တရုတ် ယွမ်ငွေ ၈၀၀ အရင်သွင်းရတာပေါ့၊ တချို့တော့လည်း ၁၀၀၀ ယွမ်။ ဒီမီးရဖို့ သူတို့ ပလန်ချလာတာ ၁ လလောက်ရှိပြီ။ ခုတော့ မီးရပြီ။ တချို့အိမ်တွေလည်း ယူတယ်။တချို့မယူတဲ့အိမ်တွေကိုလည်း မီးကြိုးတွေဖြုတ် မီးတွေ အရင်ဖြတ်ပြီးမှ ပေးတာပေါ့။”ဟု ပန်ဆိုင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

ပန်ဆိုင်းမြို့၏ ၈၀ ရာခိုင်နှုန်းခန့်သော နေအိမ်များသည် တရုတ်နိုင်ငံမှ လာသော လျှပ်စစ်မီးများကို စတင်သုံးစွဲနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံအများစုက ဆီဈေးမြင့်တက်မှုကြောင့် တရုတ်လျှပ်စစ်မီးကို အသုံးပြုရန် ဆုံးဖြတ်လိုက်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ပထမပတ်တွင်လည်း ပန်ဆိုင်းမြို့အတွင်း MNDAA ထံ သန်းခေါင်စာရင်းလာမပေးသူ၊ နေအိမ်တွင် ပြန်မလာနေသူများကို လူမနေသည့် အိမ်အဖြစ်သတ်မှတ်ပြီး ချိတ်ပိတ်ကာ ပိုင်ဆိုင်မှု အားလုံးသိမ်းဆည်း သွားမည်ဟု MNDAA က ပန်ဆိုင်းမြို့ပေါ်နေ ဒေသခံပြည်သူများကို ပြောဆိုခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့က စစ်ကောင်စီ ကို “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် သျှမ်းမြောက် တကြော တိုက်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ တစ်သိန်းခွဲကျော် ထိရှိနေရသည်။

July 10, 2026
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံ...
July 9, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် Kpay ပြေစာအတုများ အသုံးပြု၍ ငွေလိမ်လည်ထုတ်ယူသူများ...
July 9, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်အတွင်း အွန်လိုင်းလောင်းကစား (ကျားဖြန့်) လုပ်ကိုင်သူများဟု...
July 8, 2026
ကချင်ပြည်၊ အင်းတော်ကြီးဒေသမှ ရှမ်းနီယဉ်ကျေးမှု အက အဖွဲ့ခေါင်းဆောင် အပါအဝင် ၄ ဦးကို ကချင်လွတ်...