မြောက်ဦးတွင်တိုက်ပွဲဖြစ်ပွားမည်ဟု ကောလာဟလကြောင့် မြို့ခံတချို့ နေအိမ်များကို စွန့်ခွာ

မြောက်ဦးတွင်တိုက်ပွဲဖြစ်ပွားမည်ဟု ကောလာဟလကြောင့် မြို့ခံတချို့ နေအိမ်များကို စွန့်ခွာ

ရခိုင်ရှေးဟောင်းမင်းနေမြို့တော်ဟောင်း မြောက်ဦးမြို့တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲဖြစ်ပွားမည်ဟု ကောလာဟလ သတင်းများပျံ့နှံ့လာပြီးနောက် မြို့ခံတချို့မှာ စိုးရိမ်ထိတ်လန့်ပြီး နေအိမ်များကို စွန့်ခွာ ရှောင်တိမ်းနေကြရသည်ဟု သိရသည်။

မြောက်ဦးမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ရက်နေ့ကစတင်ကာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမည် ဖြစ်သည့်အတွက် သတ်မှတ်ရက် (၅) ရက်အတွင်း ရှောင်တိမ်းကြရန် ရက္ခိုင့်တပ်တော်(AA)က အသိပေးထားကြောင်းစသဖြင့် ကောလာဟလ သတင်းထွက်ပေါ်နေသည်ဟု သိရသည်။

ထိုသို့  ထွက်ပေါ်နေခြင်းကြောင့် မြို့ခံတချို့မှာ စိုးရိမ်ကြောက်လန့်ပြီး အိုးအိမ်ကိုစွန့်ခွာကာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးကပြောသည်။

"မြို့ကိုစွန့်ပြီးတော့ ဘေးလွတ်ရာကိုရှောင်ပြေးသူတွေ ဒီရက်ပိုင်းအတွင်းမှာ ပိုများလာပါတယ်။ ငါးရက်အတွင်း အပြီးရှောင်ရမယ်။ အဲ့ဒီသတ်မှတ်ရက် လွန်ရင် အေအေနဲ့စစ်ကောင်စီအဖွဲ့ တို့ တိုက်ပွဲဖြစ်မယ်။ တိုက်ပွဲထဲမှာ တစ်ခုခုဖြစ်သွားရင် တာဝန်မယူဘူးဆိုပြီးပြောနေကြလို့ ကြောက်ပြီး ရှောင်ပြေးသူတွေ များလာနေတာပါ" ဟု ပြောသည်။

လက်ရှိရခိုင်တွင် နေရာအများအပြားတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့်  မည့်သည့်မြို့နယ်တွင်မဆို တိုက်ပွဲအချိန်မရွေးဖြစ်ပွားလာနိုင်သည့် အတွက် လူတိုင်း သတိထားနေထိုင်ရန်နှင့် သက်ကြီးရွယ်အိုများနှင့် ကလေး သူငယ်များကို လုံခြုံဘေးလွတ်မည့် နေရာများကို ပြောင်းရွေ့ထားကြရန် ရက္ခိုင့်တပ်တော်(AA)က အသိပေးထားခြင်း ဖြစ်သည်ဟု သိရသည်။

"အေအေက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို တိုက်ပွဲနဲ့ ဝေးရာတွေ မှာထား။ တိုက်ပွဲဖြစ်လာလို့ ရှိရင်  ပြေးရရှောင်ရတာ အဆင် မပြေဘူးဆိုပြီး အသိပေးတာကကြာပါပြီ။ အဲ့ဒါကို တောင်ရပ် ရပ်ကွက်က အုပ်ချုပ်ရေးမှူးက တိုက်ပွဲအခုချက်ချင်း ဖြစ်လာတော့မလိုလို ရပ်ကွက်ထဲမှာ အသိပေးဖြန့်ဝေ လိုက်တော့ မြို့ကိုစွန့်ပြီး ရှောင်းတိမ်းသူတွေများလာနေတာပါ" ဟု နောက်ထပ် မြောက်ဦးမြို့ခံတစ်ဦးကပြောသည်။

သတင်းကောလာဟလ ဖြန့်ဝေသည်ဟု စွပ်စွဲခံရသူ မြောက်ဦးမြို့၊ တောင်ရပ် ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုလည်း ရက္ခိုင့်တပ်တော်(AA)က ယာယီ ဖမ်းဆီး ထိမ်းသိမ်းထားသည်ဟုလည်း သိရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...