အမြင်မှန်ရလာသည့် ဗိုလ်ကြီးတစ်ဦးအပါအဝင် စကစတပ်ဖွဲ့ဝင် ၆ဦး KNU နှင့် လာရောက်ပူးပေါင်း

အမြင်မှန်ရလာသည့် ဗိုလ်ကြီးတစ်ဦးအပါအဝင် စကစတပ်ဖွဲ့ဝင် ၆ဦး KNU နှင့် လာရောက်ပူးပေါင်း

အမြင်မှန်ရလာသည့် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ၆  ဦးသည်  ကရင်အမျိုးသာ လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် လာရောက် ပူးပေါင်းခဲ့သည်ဟု သတင်းရရှိသည်။

ယခုလ ၁၇ ရက်နေ့က တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂)  တပ်ရင်းမှ ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်းသည် MA-5 (၁) လက်၊ 9mm ကျည်ဘောက် (၁) ခု နှင့် ကျည် (၁၀) တောင့်၊ ဆေးတပ်သား အောင်မျိုးဝင်းသည် MA-3 (၁) လက် နှင့် ၎င်းကျည်ဘောက် (၁) ခုနှင့်  တပ်သား အောင်ကိုမင်းသည် MA-3 (၁) လက်၊ ၎င်းကျည်ဘောက် (၁) ခု နှင့် ၅.၅၆ ကျည်တောင့် (၁၅) တောင့် စသည့် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြသည်။

အဆိုပါနေ့တွင်ပင် တပ်ရင်း (၁၀၂၂) တပ်နယ် (၄) မှ B.G.F တပ်သား စောပေထူး(ခ) တော့ဘရားသည် M-4 (၁) လက်၊ ၎င်းကျည်ဘောက် (၇) ခု၊ ၅.၅၆ ကျည် (၆၀) တောင့် နှင့် လက်ပစ်ဗုံး (၂) လုံး စသည့် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်။  

 ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်လည်း အလားတူ တပ်ရင်း (၁၀၂၂) တပ်နယ် (၄) မှ B.G.F တပ်သား ကောင်းဆက်ထွန်းသည်လည်း M-4 Crbine (၁) လက်၊ ၎င်းကျည်ဘောက်တို (၁) ခု နှင့် ၅.၅၆ ကျည်တောင့် (၂၀) တောင့် စသည့် လက်နက်ခဲယမ်းများနဲ့အတူ လာရောက် ပူးပေါင်းခဲ့ကြသည်။

၎င်းတို့သည် KNU/KNLA အမှတ်(၆ ) တပ်မဟာ လုံခြုံရေး စစ်ကြောင်းထံသို့ လာရောက် ပူးပေါင်းခဲ့ကြသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကို (၂၃) နှစ်သည် MA-4 ပူးတွဲ(၁) လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် (၄) ဘောက်နှင့် ၅.၅၆ ကျည်တောင့် (၇၅) တောင့်တို့ နှင့်အတူ KNU - တပ်မဟာ (၆)၊ ကွန်မန်ဒို တပ်ဖွဲ့ထံသို့ လာရောက် ပူးပေါင်းခဲ့သည်ဟု သိရသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် လူအင်အား၊ လက်နက်အင်အားများ မမျှတော့သည့် အပြင် စိတ်ဓာတ်ပိုင်း ဆိုင်ရာလည်း ကျဆင်းလာသည့်အတွက် ကေအဲန်ယူ ထံသို့ မြောက်များစွာ လာရောက် ပူးပေါင်းလာလျှက်ရှိနေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွာကာ ပြည်သူလူထုများ၏ ရင်ခွင်သို့ လာရောက်ပူးပေါင်းရန် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုများမှ နွေးထွေးစွာဖြင့် လှိုက်လှဲစွာ ဖိတ်ခေါ်လျှက်ရှိကြောင်း သိရှိရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...