လောက်ကိုင်ဒကစနှင့် (၂)မိုင်ခန့်သာဝေးသော တာရင်တောင်စခန်းကို MNDAA သိမ်းပိုက်

လောက်ကိုင်ဒကစနှင့် (၂)မိုင်ခန့်သာဝေးသော တာရင်တောင်စခန်းကို MNDAA သိမ်းပိုက်

လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုဌာနချုပ်(ဒကစ) နှင့် ၂ မိုင်ခန့်သာ ဝေးတော့သည် တာရင်တောင် စခန်းကို MNDAA သိမ်းပိုက်လိုက်ပြီဟု ကိုးကန့်မီဒီယာတွင် သတင်းဖော်ပြသည်။  

အဆိုပါစခန်းအား ဒီဇင်ဘာလ ၃ ရက်နေ့တွင်  တာရင်တောင်ကို MNDAA က  စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နှစ်ရက်အကြာ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းတွင် ၎င်းစခန်းကို အပြတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။  

ယခုသိမ်းပိုက်ရရှိသော စခန်းသည် စစ်ကောင်စီ၏ လောက်ကိုင် မီရှင့်ကုတ် ဒကစနေရာနှင့် တိုက်ရိုက် အကွာအဝေး(၂)မိုင်သာရှိပြီး တောင်ပေါ်စေတီမှ လောက်ကိုင်မြို့ကို တိုက်ရိုက် ရှုမြင်နိုင်သည်ဟု ဆိုသည်။  

တာရင်တောင် စခန်းသည် လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက် တောင်ကုန်း ပေါ်တွင်ရှိပြီး စစ်ကောင်စီက တည်ထားသည့်  စေတီတော်တစ်ဆူ တည်ရှိသောကြောင့်  SiMianFo ဟုလည်း  ခေါ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။  

တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင်အနည်းဆုံး(၁၁)ယောက်စစ်သုံ့ပန်အဖြင့် ဖမ်းဆီးရရှိပြီး ၎င်းတို့ထဲတွင် သက်ကြီးရွယ်အို ဒဏ်ရာရှိသော  စစ်သားများ ပါဝင်ကြောင်း၊ ၎င်းတို့မှာ အင်အား လွန်စွာချို့ယွင်းနေသည်ကို တွေ့ရှိရပြီး  တိုက်ချင်ခိုက်ချင်သောစိတ်ဓာတ်လုံးဝ မရှိတော့သည်ကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြသည်။  

လက်ရှိ ကိုးကန့်ဒေသတွင်း မီရှင့်ကုတ် ၊ နန်ထင်မိန် ၊ ရန်လုံကျိုင့် နှင့် တာရွှေထန် စသည့် တပ်စခန်းများသာကျန်ရှိတော့ပြီး  MNDAA သည် ကိုးကန့်ဒေသပြန်လည်ထူထောင်ရေး သည် အောင်မြင်တော့မည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - ကိုးကန့် မီဒီယာ

Most read this week

September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...