ဗန်းမောက်က စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်စခန်းတစ်ခုကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ဗန်းမောက်က စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်စခန်းတစ်ခုကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်
ရှေ့တန်းတစ်နေရာမှာ တွေ့ရတဲ့ ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့ (ပုံဟောင်း)
ရှေ့တန်းတစ်နေရာမှာ တွေ့ရတဲ့ ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့ (ပုံဟောင်း)

စစ်ကိုင်း- ကချင်အစပ် ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ အထိုင်ချတပ်စွဲထားတဲ့တပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဗန်းမောက်မြို့နယ်နဲ့ပင်လည်ဘူးမြို့နယ်အစပ်မှာရှိတဲ့ အဲ့ဒီတပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာပထမအပတ်ကပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တွေပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

“ ဗန်းမောက်နယ်ထဲကပေါ့ ရှမ်းနီ SNA တွေရွာမှာဝင်ပြီးတပ်စွဲထားတာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ နဲ့ ပကဖ တွေပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ် သူတို့ခြေကုပ်ယူထားတဲ့စခန်းတစ်ခုကိုသိမ်းပိုက်နိုင် ခဲ့တာလို့သိရပါတယ်” လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

 

ဒါ့အပြင် အဲ့ဒီတိုက်ပွဲအတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့တာမရှိပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အခြေနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ သိရပါတယ်။

အဲ့ဒီတပ်စခန်းဟာ ပြီးခဲ့တဲ့ ၄ လဝန်းကျင်လောက်ကတည်းက ပင်ဟင်းခါးရွာကိုစစ်ကြောင်းထိုးလာရာမှ အထိုင်ချတပ်စွဲထားတဲ့စခန်းဖြစ်တယ်လို့ ဆိုပါတယ်။

“ အဲ့ဒီစခန်းက လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက SNA နဲ့ စကစ စစ်ကြောင်းတွေဝင်လာလို့ ဒေသခံတွေ လည်းထွက်ပြေးခဲ့ရတယ် ပင်ဟင်းခါးကဒေသခံတွေပေါ့ အဲ့တာကို ပြန်ပြီးသိမ်းပိုက်နိုင်ခဲ့တာပေါ့လေ” လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

တစ်ဖက်မှာတော့ အဲ့ဒီစခန်းဟာပင်လည်ဘူး နဲ့ ဟုမ္မလင်းမြို့ကိုသွားတဲ့ လမ်းမကြီးမှာတည်ရှိတဲ့တပ်စခန်းဖြစ်ပြီး အရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ပင်ဟင်းခါးကျေးရွာဟာ ရှမ်းနီလူမျိုးအများစုနေထိုင်တဲ့ အိမ်ခြေ ၁၀၀ နီးပါးသာ ရှိတဲ့ရွာဖြစ်ပြီး ပင်လည်ဘူး နဲ့ ဗန်းမောက်မြို့နယ် အကြားမှာတည်ရှိတာလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ် မြစ်သေးချင်းရွာနားမှာ စစ်ကောင်စီတပ် နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အရာရှိ ၂ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၈ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ Banmauk Revolution BR က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...