ကချင်-ရှမ်းနယ်စပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီဗုံးကျဲမှုကြောင့် လိုင်းကားတစ်စီးထိမှန်ပြီး အရပ်သားများ သေဆုံးဒဏ်ရာရ

ကချင်-ရှမ်းနယ်စပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီဗုံးကျဲမှုကြောင့် လိုင်းကားတစ်စီးထိမှန်ပြီး အရပ်သားများ သေဆုံးဒဏ်ရာရ
စစ်တပ်က လေ့ကျင့်ရေးမှာအသုံးပြုနေတဲ့ စစ်လေယာဉ် (ပုံဟောင်း)
စစ်တပ်က လေ့ကျင့်ရေးမှာအသုံးပြုနေတဲ့ စစ်လေယာဉ် (ပုံဟောင်း)

ကချင်- ရှမ်းပြည်နယ်အစပ် ရှမ်းမြောက်ဒေသ မဘိန်းမြို့နယ်ထဲက ငအိုး-မဘိန်းကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်တင်ကားတစ်စီးထိမှန်ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားတယ်လို့ မံဝင်းဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က KIA တပ်ရင်း ၁၂ နယ်မြေ မဘိန်း-ငအိုးကားလမ်းပေါ် ခိုတာကျေးရွာအနီးမှာ မနေ့က ဒီဇင်ဘာ ၆ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် မဘိန်းမြို့ထဲသွားမယ့် ခရီးသည်တင်ကားတစ်စီးထိမှန်ခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးကာ အမျိုးသမီး ၃ဦး ဒဏ်ရာရသွားတယ်လို့ မနေ့က မဘိန်းဘက်ကိုခရီးသွားခဲ့တဲ့ မျက်မြင်တွေ့ခဲ့ရတဲ့ ရွှေကူနယ် မံဝင်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

''အလွတ်ကြီးလာကျဲချသွားတာ ကျဲတာက ၂လုံးကျဲတယ် ကားလမ်းပေါ်မှာပဲကျဲသွားတာ လိုင်းကားတစ်စီးမှန်သွားတော့ ကားထဲက ကားစပယ်ယာကောပွဲချင်းပြီး၊နောက်ကားဆရာကောပွဲချင်းပြီး သေတာက ၂ယောက် ကျန်တဲ့မိန်းခလေးသုံးယောက်ကတော့ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်''လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသား ၂ဦးကတော့ ကသာမြို့နယ် ပျဥ်ထောင်လေးကျေးရွာထဲက ကားသမားတစ်ဦးနဲ့ ကျောက်ထုံးကြီးကျေးရွာထဲက ကားစပယ်ယာဆိုသူဖြစ်ပြီး အမည်များကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

''ဒဏ်ရာရသွားတဲ့အမျိုးသမီး ၃ယောက်က အသက် ၄၀ ဝန်းကျင်လောက်တွေပဲ ထီးချိုင့်လမ်းပိတ်နေလို့ ဒီဘက်လမ်းကနေပတ်ပြီးလာတာလို့ပြောတယ် ။တစ်ယောက်ကတော့အခြေနေအတော်လေးဆိုးတယ် စစ်ကိုင်းဘက်ကိုပဲပြန်သယ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေကို''လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသားကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပဲ အခုလိုဗုံးကျဲခဲ့တာနဲ့ပတ်သက်ပြီး KIA တပ်ရင်း ၁၂ လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအခုလိုပြောပါတယ်။

''အဲ့ဘက်က ရင်း ၁၂ နယ်မြေဆိုပေမယ့် AA လည်းလှုပ်ရှားတာရှိတယ်လေး အဲ့တာမနေ့က ကြားတာတော့ AA ထောက်ပို့လမ်းကြောင်းရှိလို့တဲ့ အဲ့ထောက်ပို့လမ်းကြောင်းကိုလှမ်းပစ်တာလို့ပြောတယ်''လို့ ပြောပါတယ်။

အလားတူ မဘိန်းဘကိကို ဗုံးကျဲချသွားတဲ့ ဂျက်ဖိုက်တာဟာ မဘိန်းနယ်ထဲက ခေါတောကျေးရွာ၊ရမ်ဘိုကျေးရွာအထက်နဲ့အောက် စတဲ့ကျေးရွာတွေဘက်မှာလည်း ဝဲပျံခဲ့တယ်လို့သိရပါတယ်။

Most read this week

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...