အတ္ထရံတံတား(ချောင်းနှစ်ခွ) မိုင်းခွဲဖျက်ဆီးခံရ

အတ္ထရံတံတား(ချောင်းနှစ်ခွ) မိုင်းခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ) မိုင်းခွဲ ဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အတ္ထရံတံတား (ချောင်းနှစ်ခွ)ကို တော်လှန်ရေးအင်အားစုတွေက ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့ ဓာတ်ပုံတွေအရ မိုင်းခွဲဖျက်ဆီးခံရတာ‌ကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားပြီး လုံးဝသွားလာလို့ မရတဲ့ အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတာဝန်ရှိသူရဲ့ အဆိုအရ ဒီတံတားဟာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီအတွက် အဓိက ထောက်ပို့လမ်းကြောင်း ဖြစ်နေတာကြောင့် စစ်ရေးအရ လုပ်ဆောင်ခဲ့ တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီတံတားဟာ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ကို ဆက်သွယ်ထားပြီး ကြာအင်းဆိပ်ကြီးနဲ့ဘုရားသုံးဆူ မြို့တို့ကို အဓိကသွားလာရမှာ အသုံးပြုတဲ့ တံတားတစ်စင်းလည်း ဖြစ်ပါတယ်။

ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အား စုတို့ကြား တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချ အညံ့ခံထားပါတယ်။

May 26, 2026
ပဲခူးတိုင်း မုန်းမြို့နယ်အခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်စီးနင်းပြီး...
May 25, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာမှုနဲ့အတူ...
ဓာတ်ပုံ-CJ
May 23, 2026
မွန်ပြည်နယ်မှာ စိုက်ပျိုးရေး ကုန်ကျစရိတ် အဆမတန် ကြီးမြင့်လာမှုနဲ့အတူ အလုပ်သမား အခက်အခဲတွေကြောင့်...
May 22, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဈေးရောင်းပွဲတော် လာရောက်သူတွေကို စစ်တပ်လက်အောက်ခံတွေက ပေါ်တာဆွဲ...