ကြာအင်းဆိပ်ကြီးမြို့ပေါ် တိုက်ပွဲမှာ အရပ်သား ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ကြာအင်းဆိပ်ကြီးမြို့ပေါ် တိုက်ပွဲမှာ အရပ်သား ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ပေါ် တိုက်ပွဲမှာ အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သလို နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ မနက်အစောပိုင်းက KNU တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားရာနေရာတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်တဲ့အနေနဲ့ စစ်ကောင်စီတပ်ဟာ ကြာအင်းဆိပ်ကြီးမြို့ထဲကို လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်သွားခဲ့တယ်လို့ KHRG က ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၉ ဦးထိခိုက်ဒဏ် ရာရရှိခဲ့သလို နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KHRG က နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်အရ သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့အပါအဝင် ထိုင်း-မြန်မာနယ်စပ်အနားက ကွီလုံတိုင်တပ်စခန်းနဲ့ ဝေါ်လေဒေသ ကနဲလေးတပ်စခန်းတွေကို KNLA ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၂ ရက်နေ့မှာ တချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့က ဒုစစ်ကြောင်းမှူးအပါအဝင် ၂ ဦးကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ တော်လှန် ရေးအင်အားစုတွေဘက်က ထုတ်ပြန်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်နားက ကွီလုံတိုင်စခန်းတိုက်ပွဲမှာလည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့SOG ရဲဘော် ၁ ဦးလည်း ကျဆုံးသွားခဲ့တယ်လို့ SOG တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ မိနန်းအပ်ကျေး ရွာအုပ်စုထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မ ၄၄ တပ်ဖွဲ့ဝင်တွေက အမျိုးသ မီး ၁ ဦး နဲ့ အမျိုးသား ၃ ဦးတို့ကို အတင်းအဓမ္မဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခေါ်ဆောင် သွားတယ်လို့ KHRG ဆီက သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...