မြိတ်မြို့တွင် ဘယ်ရီဂိတ်များချကာ လုံခြုံရေး တင်းကြပ်

မြိတ်မြို့တွင် ဘယ်ရီဂိတ်များချကာ လုံခြုံရေး တင်းကြပ်

မြိတ်ခရိုင်၊ မြိတ်မြို့၏ အချက်အချာကျသည့် လမ်းဆုံနေရာများနှင့် မီးပွိုင့်နေရာ အချို့တို့တွင် ယခု ရက်ပိုင်း အတွင်း ဘယ်ရီဂိတ်များချထားကာ လုံခြုံရေးတင်းကြပ်မှုများ ရှိနေခြင်းကြောင့် မြိတ်မြို့နေ ပြည်သူများက စိုး ရိမ်မှုများ ရှိနေကြသည်။

လုံခြုံရေး အတားအဆီးဖြစ်သည့် သံဆူးကြိုးပါ ဘယ်ရီဂိတ်များကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ လ ၁ ရက်နေ့မှ စတင်ပြီး မြိတ်မြို့မ ရဲစခန်းဝင်းအတွင်းမှ ဟိုင်းဂျက်ကားများဖြင့် သယ်ယူကာ လိုက်လံချထား ခြင်း ဖြစ်သည်။

မြိတ်တောင်နယ်မြေ စက်ဝင်းရပ်ကွက်နေထိုင်သူ အသက်၄၅ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီမောင်းနှင်နေသူ တစ်ဦးက “ဂိတ်တွေ လိုက်ချထားတာက တကယ့် လူစည်ကားတဲ့ နေရာတွေမှာချည်းပဲ တွေ့နေရတယ်။ ၁၀၂၇ စစ်ဆင် ရေးနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းဘက်ကိုလည်း စစ်မီးကူးစက်လာမှာကို စိုးရိမ်ပြီး အရေးပေါ် ပိတ် ဆို့တား ဆီးနိုင်ဖို့ စစ်ကောင်စီက ကြိုတင်ပြင်ဆင်နေတာ ဖြစ်နိုင်နေသလို အရေးကြီး လူကြီးလမ်းကြောင်းရှိတာ လည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

ဘယ်ရီဂိတ်များ ချထားသည့် နေရာများမှာ ကြံတောရပ် - ရွှေနှင်းဆီလမ်းဆုံ၊ ကန်ဖျားလမ်းဆုံ၊ အောင်မင်္ဂလာ ရပ် - ရွှေပြည်တန်လမ်းဆုံ၊ အဝေးပြေးကားဝင်းအသစ် ရဲကင်းအနီးလမ်းဆုံ၊ မြို့သစ်မီးပွိုင့်လမ်းဆုံ၊ ဘုရားကိုင် လမ်းဆုံ (မီးသွေးဖေါင်းတံတားထိပ်)၊ ရေပုန်းမီးပွိုင့်လမ်းဆုံ၊ ကမ်းနားလမ်း - ဂဏန်းရုပ်လမ်းဆုံ၊ အရှေ့သိမ်လမ်း ဆုံ နှင့် ကရာနီလမ်းဆုံတို့တွင် ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ အတားအဆီးဂိတ်များ ချထားကာ လုံခြုံရေးတင်းကြပ်ထားခြင်းကြောင့် မြိတ်မြို့ခံများ က ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများ မြန်မာ ပြည် တောင်ပိုင်းဒေသများဘက်သို့ ကူးစက်လာမည်လားဟူ၍ စိတ်ပူ စိုးရိမ်နေကြသည်ဟု ဆိုသည်။

မြိတ်မြို့ နေရာအနှံ့ လမ်းဆုံများတွင် ချထားသည့် ဘယ်ရီဂိတ်များကို ပြန်လည်ရုတ်သိမ်းသွားသည်မှာ တနှစ် ကျော်ခန့် ရှိနေရာမှ ရုတ်ချည်းဆိုသလို ယခုကဲ့သို့ လုံခြုံရေး ဘယ်ရီဂိတ်များ ပြန်လိုက်ချနေသည့်အတွက် မြိတ် မြို့ခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

မြိတ်မြို့တွင် ၂၀၂၂ ခုနှစ်မေလ ၁၃ ရက်နေ့က ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ကန့်သတ် ထားခဲ့ရာမှ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး ည ၁၂ နာရီမှ နံနက် ၃ နာရီ အချိန်ထိ တစ်နာရီလျှော့ချကာ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

ညမထွက်ရ အချိန်ကန့်သတ်ထားမှုကို လျှော့ချပေးခဲ့သော်လည်း အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ တွင် လူငါးဦးနှင့် အထက်စု‌ဝေးခြင်း၊ စီတန်းလှည့်လည်ဆန္ဒပြခြင်း၊ ဟောပြောခြင်း စသည်တို့ကိုမူ တားမြစ်ထား ဆဲ ဖြစ်သည်။

ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...
April 20, 2026
ကော်သူးလေ အတိုင်ပင်ခံ ကောင် စီနှင့် အုပ်ချုပ်ရေးကောင်စီတို့သည် နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား...