စစ်ကောင်စီက ဘုရားဖူးလာသူများထံမှ ခြိမ်းခြောက်ငွေတောင်း

စစ်ကောင်စီက ဘုရားဖူးလာသူများထံမှ ခြိမ်းခြောက်ငွေတောင်း

ဘုရားဖူးလာသူများထံမှ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြီး ငွေကြေးတောင်းယူမှု များရှိနေသည်ဟု မြိတ်မြို့ ခံ များက ပြောသည်။

တနင်္သာရီတိုင်း မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ဂေါက်ကွင်းအနီးမှာရှိသည့် ပေါ်တော်မူဘုရားကုန်းတော်ပေါ် ကို လာသည့် ဘုရားဖူးများကို စစ်ကောင်စီတပ်က ငွေကြေးတောင်းယူနေသည်ဟု မြို့ခံများက ဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ဘုရားဖူးရန် ဆိုင်ကယ်ဖြင့် လာသည့် စုံတွဲ ၂ ဦးကို ဘုရား အတက် လမ်းတွင် တားဆီးစစ်ဆေးပြီးနောက် အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ငွေကျပ်ငါးသောင်းကို တောင်းခံခဲ့ ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြိတ်တောင်နယ်မြေ ရေနံမြေရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ဒေသခံအမျိုးသားတစ်ဦးက “လက်နက်ကိုင်ထားတာ ၃ ယောက်တွေ့တယ်။ အစ်ကိုတို့ဆိုင်ကယ် ဖမ်း တာဆိုရင် မောင်းလိုင်စင်ရော ဆိုင်ကယ် နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အပြည့်အစုံလည်း ပါ ပါတယ်၊ နံပါတ် ပြား၊ နောက်ကြည့်မှန်၊ ဝါယာရိမ်း အား လုံး ပြည့်စုံပါတယ် စစ်ကြည့်ပါလို့။ ကျိုးကျိုးနွံနွံပြောတာတောင် ပိုက် ဆံမပေးရင် ရပ်ကွက်ရုံးနဲ့ တပ်ထဲလိုက်ရ မယ်ဆိုပြီး ခြိမ်း‌ခြောက်ပြောဆိုနေတာကြောင့် နာရီဝက်ခန့် အချေ အတင်ညှိနှိုင်းပြီးနောက် ကျပ်နှစ်သောင်းပေး ခဲ့ရတယ်” ဟု ပြောသည်။

အရပ်ဝတ်နှင့် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ပေါ်တော်မူဘုရား ပရဝုဏ်အ တွင်းမှာ တပ်စွဲထားပြီး ဘုရားဖူးလာသူများဆီကနေ မကြာခဏဆိုသလို ခြိမ်းခြောက်ပြီး ငွေကြေး တောင်းခံ နေ သည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ဆိုသည်။

ပေါ်တော်မူဘုရားသို့ ဘုရားလာဖူးလာသူများနှင့် ဘုရားမုခ်ပေါက်အရှေ့ရှိ တောင်ပြိုကျေးရွာအဝင် လမ်းထိပ်တို့ တွင် ယခုနှစ်အတွင်း ခြိမ်းခြောက်ငွေကြေးတောင်းခံရသူ ၂၀ ဦးကျော်ခန့် ရှိနေသည်ဟု မြို့ခံများက ပြောသည်။

ထို့အပြင် စက်တင်ဘာလအတွင်းကလည်း ဘုရားရင်ပြင်ပေါ်မှာ မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်သူ ၄ ဦး ကို လည်း ဒဏ်ကြေးဟုဆိုပြီး တစ်ဦးကို ကျပ်တစ်သိန်း အထိ တောင်းခံမှုများရှိနေသည်ဟု ပေါ်တော်မူဘုရား အနီး တွင် စျေးရောင်းနေသူများက ပြောသည်။

ပေါ်တော်မူဘုရား တောင်ခြေပတ်လည်သည် ဂေါက်ကွင်းဧရိယာနှင့် တဆက်စပ်တည်းတွင် တည်ရှိပြီး

စစ်ကောင်စီတပ်နှင့် နီးစပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ မကြာခဏ လာလေ့ရှိသောကြောင့် ဘုရား ကုန်း တော်ပေါ်တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးချထားခြင်းဖြစ်ကြောင်း ဘုရားအနီးနေထိုင်သူများက ပြောသည်။

ပေါ်တော်မူဘုရားသည် မြိတ်မြို့၏ သမိုင်းဝင် အထင်ကရ ဘုရားတစ်ဆူဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာ ရောက် လည်ပတ်ဖူးမျှော်သူ များပြားလေ့ရှိသည်။

June 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်က စစ်အင်အားနှင့် စစ်ကြောင်းအမြောက်အမြား အသုံးပြုကာ...
June 26, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီး တိုက်...
June 25, 2026
တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်တပ်က...
June 24, 2026
ချင်းပြည် တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် စစ်တပ်၏...