ပဲခူးရေကြီးမှုကူညီခွင့်ရဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ခွင့်ပြုချက်တောင်းခံနေရ

ပဲခူးရေကြီးမှုကူညီခွင့်ရဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ခွင့်ပြုချက်တောင်းခံနေရ
ဓာတ်ပုံ-MFSD
ဓာတ်ပုံ-MFSD

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အတွင်းဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုမှာ ကူညီခွင့်ရဖို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ တွေထံ ခွင့်ပြုချက်တောင်းခံနေရပြီး ခြိမ်းခြောက်ခံရတာတွေလည်း ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ လူမှု ကယ် ဆယ်ရေး အဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပဲခူးမြို့မှာ နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှုနဲ့အတူ ဆည်နဲ့ရေလှောင်တမံတွေမှာ ရေတွေပြည့်လျှံပြီး ရေတွေဖောက်ထုတ်နေရတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကစပြီး မြို့လုံးကျွတ် ရေကြီးရေလျှံမှု တွေ ဖြစ်ပွားနေတာပါ။

ပဲခူးရေကြီးမှုကို လာရောက်ကူညီတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ ကူညီခွင့်ရဖို့ စစ်ကောင်စီထံ ခွင့်ပြုချက်တောင်းခံရပြီး ခွင့်ပြုချက်ရမှ ကူညီပေးနိုင်တယ်လို့ လူမှုကယ် ဆယ်ရေးအဖွဲ့ တွေထံ ကနေ သိရပါတယ်။

စစ်ကောင်စီထံ ခွင့်ပြုချက်တောင်းခံရာမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ အဖွဲ့အမည်စာရင်းအပြင် ပါ ဝင်လာသူ တွေ အားလုံး အစစ်ဆေးခံရပြီး သူတို့မသိဘဲ ကူညီမှုတွေ လုပ်ဆောင်ပါက စစ်ကောင်စီ လက်အောက်ခံအဖွဲ့ဝင် တွေက ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ကတော့ လာရောက်ကူညီကြမယ့် လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ သူတို့သတ်မှတ်ထားတဲ့ စုပေါင်းကယ်ဆယ်ရေးစခန်းမှာ အမည်စာရင်း မဖြစ်မနေ လာရောက်ပေးသွင်းပြီးမှ ကူညီကြဖို့ ညွှန်ကြားထားတာပါ။

လက်ရှိမှာတော့ ပဲခူးမြို့ရေကြီးမှုကြောင့် ယာယီကယ်ဆယ်ရေစခန်း ၂၂ ခုထက်မနည်း ဖွင့်လှစ်ထားရပြီး ရေဘေး သင့်ပြည်သူ သုံးသောင်းကျော် လာရောက်ခိုလှုံနေသလို ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ထားရတဲ့ ဒေသခံ ပြည်သူ လေးသောင်းနီးပါးရှိတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် ပဲခူးမြို့ပေါ်ရပ်ကွက်ကြီး ၈ ရပ်ကွက်ရှိ နေအိမ်တွေအတွင်း ပိတ်မိနေသူတွေလည်း ဆက် ရှိနေတာကြောင့် အောက်တိုဘာ ၁၀ ရက်နေ့မှာလည်း ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင် နေရတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့ရေကြီးမှုကြောင့် စာသင်ကျောင်း ၃၄ ကျောင်းထက်မနည်း ယာယီပိတ်သိမ်းထားရသလို ရေ ဘေးသင့် ပြည်သူတွေအတွက် သောက်ရေအပါအဝင် အခြေခံစားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတာပါ။

ပြီးခဲ့တဲ့ မေလတုန်းကလည်း အားပြင်းတဲ့ မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ် ကို ကူညီခွင့်ရဖို့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေဟာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်စောင့် ဆိုင်းခဲ့ရသလို ပြည်ပ အဖွဲ့အစည်းတွေက ခွင့်ပြုချက်မရလို့ မြေပြင်အထိ သွားရောက်ကူညီခွင့်မရခဲ့ပါဘူး။

ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...