ပြည်သူ့ကာကွယ်ရေး တပ်များက ရဲဘက်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်

ပြည်သူ့ကာကွယ်ရေး တပ်များက ရဲဘက်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါကျေးရွာအနီးရှိ ဆင်ဖြူရှင် (၄) ရဲဘက် အကျဥ်းစခန်း အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က တိုက်ခိုက်ခံခဲ့ရပြီး စစ်တပ်ဘက်တွင် ထိခိုက်သေဆုံးမှု များရှိသည်ဟု ရွာသားများက ပြောသည်။

ထုံခါအကျဉ်းစခန်းသည် ပြစ်မှုဆိုင်ရာ အကျဥ်းသားအများစုနှင့် မူးယစ်ဆေးဝါးအမှု အကျဥ်းသားများ ထားရှိ သည့် ရဲဘက် အလုပ်ကြမ်းစခန်းတစ်ခုဖြစ်သည်။

အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ထုံခါအကျဥ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၁ နာရီနီးပါးအကြာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေ ရကြောင်း  ထုံခါရွာသားတစ်ဦးက ပြောသည်။

“ရဲဘက်စခန်းကို ရောက်နေတဲ့ ခမရ ၅၅၈ တပ်ရင်းက စစ်သားတွေ တိုက်ခိုက်ခံရတာပါ။ ထိခိုက်သေဆုံးတာ တွေလည်း ရှိနေတယ်လို့ ကြားရတယ်” ဟု ထုံခါရွာသားတစ်ဦးက ပြောသည်။

အကျဥ်းစခန်းတိုက်ခိုက်မှုကို ကော်သူးလေအာမီ - KTLA၊ ထီးစမယ်ရွာတပ်ရင်း - တပ်ခွဲ(၄)နှင့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းတို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KTLA-tcjf-Tanintharyi တပ်ဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းမှာပင် ထုတ်ပြန်ထားသည်။

အကျဥ်းစခန်းကို ဝင်ရောက်ပစ်ခတ်ပြီး ပြန်ဆုတ်ခွာရာ လမ်းကြောင်းရှိ ကမ္ဘောဇဆီအုန်းခြံအတွင်း ကင်းပုန်း ဝပ်နေသည့် စစ်ကောင်စီတပ်နှင့်လည်း နှစ်ဖက်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြသေးသည်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ် မိနစ် ၅၀ ခန့်အချိန်အတွင်း စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အကျဥ်းစခန်းရှိ ကင်းတဲသုံးလုံး ပျက်စီးသွားသော်လည်း အကျဥ်းသားများ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖေါ်ပြထား သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလအတွင်းကလည်း ထုံခါရဲဘက်အကျဥ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ပထမအကြိမ် တိုက်ခိုက်ခဲ့ဖူးသေးသည်။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...