အရပ်သား နေအိမ်ပေါ် လက်နက်ကြီးကျ ဖားကန့် ဒေသခံ မိသားစုဝင် ၃ ဦး ဒဏ်ရာရ

အရပ်သား နေအိမ်ပေါ် လက်နက်ကြီးကျ ဖားကန့် ဒေသခံ မိသားစုဝင် ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အရပ်သားနေအိမ်၌ လက်နက်ကြီးကျပြီး မိသားစု ၃ ဦးထိခိုက်ဒဏ်ရာရသွား သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့၊ ဆိုင်းတောင်တွင် စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးမှာ အရပ်သား နေအိမ်တစ်လုံးပေါ် သို့ ကျရောက်ပြီး မိသားစု ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦး က ပြောသည်။

“စနေ့ညက ဆိုင်းတောင်မှာဖြစ်တာ အိမ်ရှင်လင်မယား နှစ်ယောက်နဲ့ တူလေးထိတာ။ ဖားကန့်ကနေ ထုလိုက်တဲ့ လက်နက်ကြီးက ဆန်းသီတာ စစ်တပ်ကုန်း တောင်ဘက်ကိုသွားကြတော့ နေအိမ်ပြည်သူအိမ်ကို သွားထိတာအဲမှ အမိုးတွေ အကုန်လှန်ကုန်တာ။ လူ ၃ ယောက်လည်း ဒဏ်ရာရသွားတယ်။ သေတော့မသေဘူး။ အခုဆေးရုံကြီး မှာလို့ ပြောတယ်” ဟု ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါအိမ်မှ မိသားစုဝင် ၃ ဦးမှာ ဦးခေါင်း၊ လက်၊ ခြေတို့ တွင် ထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသွားသည့် အဆိုပါ မိသားစုဝင်များအား ဖားကန့်ဆေးရုံးသို့ ဒေသတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့များက ကူညီပို့ဆောင်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ မိသားစုဝင် ၃ ဦးအနက် အမျိုးသားဖြစ်သူ ဦးဇင်မျိုးလတ်မှာ စိုးရိမ်ရသောကြောင့် အောက်တိုဘာလ ၁ ရက်နေ့က မန္တလေးဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု နီးစပ်သူများက ပြောသည်။

ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “သုံးယောက်စလုံးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်။ ညတွင်းကြီးကို ဖားကန့် ဆေးရုံကြီးကို ပို့လိုက်ရတာ။ အမျိုးသားဖြစ်သူကိုကျတော့ မနေ့က (အောက်တိုဘာ ၁ရက်နေ့) မနက် မန္တလေး ဆေးရုံကို ပို့လိုက်ရတယ်။ ထိတဲ့ ဒဏ်ရာတွေက ဦးခေါင်းနဲ့ လက်မောင်း ခြေတွေမှာ ထိတယ်လို့ပြော တယ်။ အမျိုးသားနာမည်ဘဲ သိရတယ်။ သူကအရမ်းစိုးရိမ်ရတယ် ပြောတယ်” ဟု ပြောသည်။

အဆိုပါ ဆိုင်းတောင်ရပ်ကွက်ရှိ အရပ်သားနေအိမ်တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် အချိန်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လက်နက်ကြီးကျည် မကျရောက်ခင်က စစ်ကောင်စီတပ်ဖွဲ့ထိုင်ချထားသည့် ရဲစခန်းကုန်းအနီး ဗုံးလေးလုံး ပေါက်ကွဲခဲ့ရာမှ စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က အထိုင်ချထားသည့် ရဲစခန်းကုန်းအနီး၌ ယမန်နေ့ညဆယ်နာရီခွဲဝန်းကျင်တွင် ဗုံးလေးလုံး ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အဆိုပါ ရဲစခန်းကုန်းမှာ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF တို့က သွားရောက်တိုက်ခိုက်ခဲ့သည့် စခန်းကုန်းဖြစ်သည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...