ဟုမ္မလင်း စစ်ရှောင်များ အကူအညီများ အရေးပေါ် လိုအပ်

ဟုမ္မလင်း စစ်ရှောင်များ အကူအညီများ အရေးပေါ် လိုအပ်
Homalin People's Defense Force - HPDF 124
Homalin People's Defense Force - HPDF 124

စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ စစ်ဘေးလွှတ်ရာကို ထွက်ပြေးနေရပြီး အကူအညီများ လိုအပ်နေကြသည်။

စစ်ကောင်စီတပ်၊ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတို့နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တစ်ပတ် နီးပါးအကြာ တိုက်ပွဲဖြစ်နေပြီး ကျေးရွာအချို့က ပြည်သူများက စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်ဟု ဒေသခံ များ၊ PDF အဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

ဒေသခံတစ်ဦးက “နောင်ပိုအောင် ဘက်မှာ ဖြစ်နေတာ SNA နဲ့ PDF တို့ စကစရော ပါတယ်၊ ငါးရက်လောက် တစ် ပတ်လောက် ရှိပြီ တိုက်ပွဲဖြစ်နေကြတာ။ တချို့လည်းပြေးကြတာပေါ့။ လွှစင်ကုန်းရွာက အဓိကပေါ့ မိန်းလမ်း မပေါ်ဆိုတော့ စစ်ဖြစ်ခါနီးတော့ ရှောင်ကြတယ်။ နောင်ပိုအောင်ဘက်ကို တချို့လည်း တောထဲတောင်ထဲပါ့” ဟု သည်။

“အခုတော့ ရွာသားတွေက နေရပ်ကို မပြန်ရဲကြသေးဘူး။ အခြေအနေကို စောင့်ကြည့်နေကြတယ်။ တောထဲ ဒီတိုင်း ပြေးကြရတာဆိုတော့ အကူအညီတွေ လိုတာပါ့။ ဘာမှမပါလာကြဘူး။ ဖြစ်သလိုပဲ နေနေကြရတာ။ လွှစင်ကုန်းကလူတွေရာ နောင်ပိုဘက်ကရော အကုန်ပြေးရတာ။”

စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ စက်တင်ဘာလကုန်အထိ ဖြစ်ပွားနေသည့် အဆိုပါပွဲထဲ SNA ဘက်က ၃ ဦး သေဆုံးခဲ့သည်ဟု PDF အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် SNA တပ်ဖွဲ့တို့က PDF အဖွဲ့အား စတင်တိုက်ခိုက်ရာမှ နှစ်ဖက်ကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် PDF အဖွဲ့က လွှစင်ကုန်းကျေးရွာ ရှမ်းနီတပ်မတော် SNA ၏ တပ်စခန်းကိုလည်း သိမ်းနိုင်ခဲ့သည်ဟု PDF အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

“နောင်ပိုအောင်ရွာအနီး လွှစင်ကုန်းရွာကို ဝင်သိမ်းတာလို့သိရတယ်။ စခန်းဆိုပေမယ့် အငယ်လေးပါ SNA ဘက် သုံးယောက်ကျတယ် ပြောတယ်” ဟု ပြောသည်။

၎င်းနောင်ပိုအောင်ကျေးရွာသည် ဟုမ္မလင်းမြို့မှ ၁၇ မိုင်သာဝေးပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ထုနေ သည့် အသံများ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် တိုက်ပွဲများကြောင့် ဟုမ္မလင်းမြို့၏ ရေကြောင်းနှင့် ကုန်းကြောင်း လမ်းများကို ပိတ်ထားရပြီး ကုန် ဈေးနှုန်းများပါ အဆမတန်ဈေးတက်နေကြောင်း ဟုမ္မလင်းဒေသခံတစ်ဦး က ပြောသည်။

“၅ ရက်ရှိပြီ လမ်းကြောတွေ ပိတ်ထားတုန်း။ ရေကြောင်း ကုန်းကြောင်း၊ ကုန်းဈေးနှုန်းက ကြာပေါ့ တက်တာ ၂၅ ရက်နေ့က ဆပ်ကယားရွာအနောက်ဘက် ချိန်းပစ်ကြတယ်။ နောင်ပိုအောင် ရဲစခန်းကနေပစ်တာ။ လက်နက် ကြီး တွေနဲ့ ဟုမ္မလင်းကနေတောင် ကြားရတယ်။ တိုက်ပွဲက ချိန်းပစ်တာဆိုတော့ ရွာပျက်စီးမှုမရှိသေးဘူး။”

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ နောက်ပိုအောင်ကျေးရွာ အနီးက စစ်ကောင်စီ နှင့် SNA တပ်ဖွဲ့ တို့၏ တပ်စခန်းဖြစ်သည့် လွှစင်ကုန်းကျေးရွာ စခန်းတောင်ကုန်းအား ခန္တီးခရိုင်တပ်ရင်း နှင့် Local PDF၊ ပကဖ ပူးပေါင်း တပ်ဖွဲ့တို့က စစ်ကြောင်း ၂ ကြောင်းနှင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း PDF တစ်ဦးကျသွားကြောင်း ခန္တီးခရိုင် - ပကဖ မှ ရဲဘော်တစ်ဦးက အတည်ပြုပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် ရှမ်းနီတပ်မတော် SNA အဖွဲ့က အဓိကလှုပ်ရှားနေပြီး SNA နှင့် PDF အဖွဲ့တို့အကြား မကြာ ခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်တလျှောက်တွင် ရှမ်းနီတပ်မတော် SNA အဖွဲ့၏ ဂိတ် ၄ ဂိတ်ရှိသည်ဟု ဒေသခံများနှင့် PDF အဖွဲ့တာဝန်ရှိသူများက ပြောသည်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...