တနင်္သာရီတွင် လက်နက်ကြီးကျည်ကြောင့် သံဃာ ၂ ပါး ဒဏ်ရာရ

တနင်္သာရီတွင် လက်နက်ကြီးကျည်ကြောင့် သံဃာ ၂ ပါး ဒဏ်ရာရ

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက် ကွဲခဲ့ခြင်းကြောင့် သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တနင်္သာရီမြို့အရှေ့ဘက် ချောင်းတဘက်ကမ်း ဗောဓိကမ်းကျေး ရွာရှိ ရတနာဗောဓိဘုန်းတော်ကြီးကျောင်းပေါ်သို့ အောက်ကင်းကျေးရွာအခြေစိုက် ခမရ - ၅၅၇တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် သံဃာတော် နှစ်ပါးစလုံး တနင်္သာရီမြို့ပေါ်ရှိ မြို့နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

ဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သူ အသက် ၄၀ ခန့်အရွယ် တနင်္သာရီမြို့ခံတစ်ဦး က “သံဃာတော်တစ်ပါးက ကျောပြင်မှာ၊ နောက်တစ်ပါးက လက်မောင်းမှာ ကျည်စတွေ ထိမှန်ခဲ့တာပါ မစိုးရိမ်ရတော့ပါဘူး” ဟု ပြော သည်။

တနင်္သာရီမြို့နယ် အတွင်းရှိ မော်တုန်းအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ရင်း နှင့်စစ်ကောင်စီတပ်ရင်းများမှ တိုက်ပွဲမရှိဘဲ ဘန်လောကျေးရွာအုပ်စု၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ အနောက်မော်တုံး ကျေးရွာအုပ်စု၊ အရှေ့မော် တုံး ကျေးရွာအုပ်စုများသို့ နေ့စဥ်နီးပါးဆိုသလို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် အရပ်သားများ မကြာခဏ ထိခိုက်သေဆုံးများ ရှိနေခဲ့သည်ဟု ဒေသခံများက ပြောသည်။

Most read this week

Human Rights Foundation of MonLand
September 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဖလူးဒေသရှိ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းကို...
ဗုံးကြဲပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ / Crd
September 8, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က...
September 8, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာရှိ လူနေအိမ်များကို စစ်အုပ်စုတပ်က...
September 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအနီး အဝတောင်-စနဲ လမ်းပိုင်းပေါ်သို့...