တိုက်ပွဲ အပြီး စစ်ကောင်စီက ရွာသားများအား တောင်ယာလုပ်ခွင့်ပိတ်

တိုက်ပွဲ အပြီး စစ်ကောင်စီက ရွာသားများအား တောင်ယာလုပ်ခွင့်ပိတ်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်က တောင်ယာလုပ်ခွင့် ပိတ်ပင် ထားပြီးနောက်ပိုင်း တောင်သူများ စားဝတ်နေရေး ခက်ခဲလာမည်ကို စိုးရိမ်နေရသည်ဟု ကျေးရွာနေ ပြည်သူများ က ပြောသည်။

ရွာငံ ပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် စစ်ကောင်စီတပ်တို့ အကြား ထိတွေ့မှု ဖြစ်ပြီးသည့် နောက်ပိုင်း စက် တင်ဘာလ ၅ ရက်နေ့က စတင်၍ ကျေးရွာနေ ပြည်သူများကို ၃ ပတ်ဆက်တိုက် အစည်းအဝေး ခေါ်ယူ၍ ပိတ် ပင်လိုက်ခြင်း ဖြစ်သည်ဟု တောင်သူအချို့က ပြောသည်။

ရွာငံအခြေစိုက် စစ်ရေးလှုပ်ရှားနေသည့် YPDF တာဝန်ခံ တစ်ဦးက “တောင်သူတွေအတွက် အခက်အခဲ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နွားဘန်းကြီးရွာဆိုတာ တောင်သူလုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကြောင်း လုပ်ရယ်ဆိုတဲ့ အခါကြတော့ တောခြံလေးတွေနဲ့ ဒီခရမ်းချဉ်ပင်ပေါ့နော် နှစ်တိုပင်လေးတွေနဲ့ အသက်ရှင်နေရတယ်ဆိုတဲ့ အခါ ကျတော့ သူတို့ အဲလိုမျိုး မလုပ်ရတဲ့အခါကျတော့ ဒီအသီးအပင်တွေ ပျက်စီး ဆုံးရှုံးတာတွေရော အဖက်ဖက်က နေပြီးတော့ အရမ်းနစ်နာ ဒုက္ခရောက်နေကြရတာပေါ့” ဟု ပြောသည်။

လက်ရှိ ရွာငံတွင် နှစ်တိုသီးနှံ စိုက်ပျိုးချိန် ဖြစ်သည်နှင့်အညီ တောင်သူများမှာ စိုက်ပျိုးရေး စရိတ်အတွက် ချေးငှား၍ ရင်းနှီးထားရသောကြောင့် များစွာ နစ်နာဆုံးရှုံးမှု ဖြစ်သည်ဟု ဆိုကြသည်။

စစ်ကောင်စီတပ်များသည် တောင်ယာလုပ်ခွင့် ပိတ်ပင်ထားသည့်အပြင် နွားဘန်ကြီးကျေးရွာ အတွင်း၌ အင်အား ၂၀၀ ခန့်ဖြင့် တပ်စွဲထားပြီး ရွာပတ်ပတ်လည်တွင် မိုင်းအလုံးရေ ၅၀ ခန့် ထောင်ထားသောကြောင့် ကျေးရွာနေ ပြည်သူများမှာ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။

“သူတို့က နွားဘန်ကြီးထဲမှာ တပ်စွဲထားတာလည်း ရှိတယ်။ အစစ်အဆေးလည်း တင်းကြပ်နေတယ်။ ကုန်ကား ရှိတဲ့ ကားသမားတွေကိုလည်း ဒီနေ့အစည်းအဝေး ခေါ်တယ်လို့ ကြားတယ်။ ဟိုနေ့တုန်းကလည်း သူတို့ ၂ ရက် တစ်ပတ် ၃ ရက် တစ်ပတ်ခြားပြီးတော့ အစည်းအဝေးခေါ်တယ်။ ခေါ်ပြီးတော့ ခြံတွေ မသွားဖို့၊ မလုပ်ဖို့ပေါ့။ ငတ်ပြတ်ပြီး သေလည်း သေပါစေဆိုပြီးတော့ အဲ့လိုမျိုး ပြောပြီးတော့ အစစ်အဆေး တင်းကြပ်နေတာလည်း ရှိတယ်” ဟု YPDF တာဝန်ခံက ဆက်ပြောသည်။

နွားဘန်ကြီးကျေးရွာနေ တောင်သူများအနေဖြင့် အစည်းအဝေးတွင် တောင်ယာ ပြန်လုပ်ခွင့်ပေးရန် ငွေကြေး ပေး၍ စစ်ကောင်စီတပ်နှင့် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ဘူးဟု ဆိုကြသည်။

ထို့အပြင် တောင်ယာသွားသူများကို ပစ်မိန့်ပေးထားသည်ဟု ခြိမ်းခြောက်ခဲ့သေးကြောင်း တောင်သူများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ကလည်း နွားဘန်ကြီးကျေးရွာ တောအတွင်းသို့ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ရွာငံ ပြည်သူ့ကာကွယ်ရေးတပ် YPDF အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...