ထိုင်းမှာဖမ်းမိတဲ့ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားတွေကို PDF တွေလို့ တပ်လော်ဘီတွေ ဝါဒဖြန့်

ထိုင်းမှာဖမ်းမိတဲ့ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားတွေကို PDF တွေလို့ တပ်လော်ဘီတွေ ဝါဒဖြန့်

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “မဲဆောက်မြို့နယ်၊ မယ်ပဂိတ်တွင် အသီးအရွက် ကုန်တင်ကား ၁ စီး ကို ဖယ်ရှားစစ်ဆေးရာမှ PDF ပဒက် (၅၂) ဦး ဖမ်းဆီးရမိ“ ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါ တယ်။

ဒီအကြောင်းအရာကို ဩဂုတ် (၄) ရက်နေ့မှာ စစ်တပ်အကောင့်တုတွေ ဖြစ်တဲ့ KYAW SWAR ဟန်ငြိမ်းဦး၊ တပ် ကြပ်ကြီး ဖိုးစီစတဲ့ အွန်လိုင်းမှာ ဝါဒဖြန့်သူတွေက ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူ အကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရ ပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ကိုသွားမယ့် ကုန်စိမ်းတွေ တင်လာတဲ့ ၆ ဘီးကားတစီးပေါ်မှာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံရသူတွေဟာ အထောက် အထားမဲ့ မြန်မာအလုပ်သမားတွေသာ ဖြစ်ပြီး စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေသလို PDF တွေ မဟုတ် ကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဘန်ကောက်မှာ အလုပ်ရမယ်လို့ လူကုန်ကူးပွဲစားတွေက မက်လုံးပေးခေါ်ဆောင်တာကို ယုံကြည်ပြီး လိုက်ပါလာ တာကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး အထောက်အထားမဲ့ မြန်မာ (၅၂) ယောက်ကို လူကုန်ကူးခေါ်ဆောင်လာတဲ့ ပွဲစားတွေကို ဖမ်းမိနိုင်ဖို့ ကြိုးစားရှာဖွေနေတယ်လို့ မဲဆောက်က ရဲအရာရှိတွေက ပြောကြားထားတာကို

VOA သတင်းဌာနမှာ ရေးသားဖော်ပြထားတာကို တွေ့ရှိရပါတယ်။

VOAသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့် https://shorturl.at/lwGYZ

Migrant time  သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့် https://shorturl.at/pqAJP

အထက်ပါ လင့်များထဲတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မဲဆောက်မြို့နယ်၊ မယ်ပ ဂိတ်တွင် အသီးအရွက် ကုန်တင်ကား၁စီးကို ဖယ်ရှားစစ်ဆေးရာမှ PDF ပဒက် (၅၂) ဦး ဖမ်းဆီးရမိ” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာ ဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

Most read this week

May 3, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အေးသန္တာအထူးကုဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့...
May 1, 2024
တည်ငြိမ်အေးချမ်းမှုရှိပြီးဖြစ်တဲ့ မြို့ရွာ‌တွေအတွင်း တော်လှန်ရေးအဖွဲ့တွေ စိမ့်ဝင်ခိုအောင်းမှု...
April 29, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက်...
April 26, 2024
လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့...