ဘီးလင်းကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ ထပ်မံတိုက်ခိုက်ခံရ၊ တံတားအမြန်ဆုံးပြုပြင်ဖို့ စစ်တပ် ဖိအားပေး

ဘီးလင်းကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ ထပ်မံတိုက်ခိုက်ခံရ၊ တံတားအမြန်ဆုံးပြုပြင်ဖို့ စစ်တပ် ဖိအားပေး

မိုင်းခွဲဖျက်ဆီးခံထားရတဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ဘီးလင်းကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ဟာ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း ပေါ်က ကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၃ ရက်နေ့ ညနေ ပိုင်းမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခံရတာကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမယ့် တံတားယာယီ ဘေလီတံတား ပြု ပြင်မှုကို ချက်ချင်းရပ်နားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားမှာ ယာယီဘေလီတံတားထိုးဖို့ စစ်ကောင်စီတပ်၊ လမ်းဦးစီးဌာနနဲ့ ရွှေသံ လွင် ကုမ္ပဏီဝန်ထမ်းတွေ လာရောက်လုပ်ဆောင်နေတာဖြစ်ပြီး တံတားလာပြင်တဲ့အဖွဲ့ဟာ အခု တစ်ကြိမ် အပါအဝင် ဒရုန်းနဲ့ ၇ ကြိမ် တိုက်ခိုက်ခံထားရတာပါ။

တံတားလာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံနေရပေမယ့် စစ်ကောင်စီဘက်က ယာယီဘေလီတံတား အမြန်ဆုံး ပြီးစီး အောင်ဆောင်ရွက်ဖို့ ဖိအားပေးနေတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ တည်ဆောက်ရေး လုပ်ငန်းခွင်မှာပါဝင်တဲ့ ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာ ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရပြီး အဲဒီဖြစ်ဉ်ကိုလာစစ်တဲ့ စစ်ကောင်စီ  ပူးပေါင်းအဖွဲ့တွေ ထပ်မံတိုက်ခိုက်ခဲ့လို့ ဌာနဆိုင်ရာဝန်ထမ်း ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးမှုဟာ စစ်ရေးအရ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ် တောက်တာ ဖြစ်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက ပြောဆို ထားပါတယ်။

July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...
ဓါတ်ပုံ - CJ
July 7, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း...
July 6, 2026
စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက်...