မပခတိုင်းမှူးဇနီးနဲ့ အရာရှိဇနီးတွေကိုပါ စစ်ကောင်စီဖမ်းဆီးပြီး စိန်ရွှေဝယ်ယူမှုကအစ စစ်ဆေးနေ

မပခတိုင်းမှူးဇနီးနဲ့ အရာရှိဇနီးတွေကိုပါ စစ်ကောင်စီဖမ်းဆီးပြီး စိန်ရွှေဝယ်ယူမှုကအစ စစ်ဆေးနေ
ဓာတ်ပုံ - Social Media
ဓာတ်ပုံ - Social Media

ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် အရာရှိ ၇ ဦး ထက်မနည်း ဖမ်းဆီးစစ်ဆေးနေစဉ် သူတိုရဲ့ ဇနီးတွေကိုပါဖမ်းဆီးပြီး ပိုင်ဆိုင်မှုအသေးစိတ် စစ် ဆေးနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

စစ်ကောင်စီ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိုင်းမှူးအပါအဝင် အရာရှိတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအမိန့်နဲ့ မြစ်ကြီးနားမြို့ကနေ နေပြည်တော်သို့ ဖမ်းဆီးခေါ်ဆောင် သွားတာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ တိုင်းမှူးနဲ့အရာရှိတွေရဲ့ဇနီးတွေကိုပါ ဖမ်းဆီးထိန်းသိမ်းထားပြီး စိန်ရွှေဝယ်ယူထား တဲ့ ဆိုင်တွေအပြင် သူတို့ရဲ့ပိုင်ဆိုင်မှု အသေးစိတ်ကို စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သတင်းအရင်း အမြစ်က ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေထဲမှာ တိုင်းမှူး၊ ဒုတိုင်းမှူးနဲ့ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အရာရှိ ၇ ဦးထက် မနည်းပါဝင် ပြီး တိုင်းစစ်ဌာနချုပ်မှာလည်း ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်တွေကိုပါ ဖုန်းတွေသိမ်းကာ စစ်ဆေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

စစ်ကောင်စီရဲ့ ဖမ်းဆီးမှုဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ ကျောက်စိမ်းလုပ်ကွက် တွေအတွက် တရားမဝင် ယမ်းတင်သွင်းခွင့်ပြုတဲ့ကိစ္စတွေ အပါအဝင် တခြားစစ်ဘက်ရေးရာ ကိစ္စတွေပါ ပါဝင် နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တိုင်းမှူးအပါအဝင် အရာရှိတချို့ကို ဖမ်းဆီးစစ်ဆေးခံရပြီးနောက် မြစ်ကြီးနားမြို့မှာ လုံခြုံရေးတွေ အထူးတင်း ကျပ်ထားသလို မထင်မှတ်တဲ့နေရာတွေကအစ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ဟာ အာဏာသိမ်းမသိမ်းခင်က အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အဲဒီနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် ပြောင်းရွှေ့ခံခဲ့ရတာပါ။

ဗိုလ်ချုပ်ကိုကိုမောင်ဟာ အနမ့်ပါဒေသမှာပြုလုပ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ရဲ့ ၆၂ နှစ်ပြည့် နှစ်ပတ် လည်နေ့ အကြိုဂီတဖျော်ဖြေပွဲမှာ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူတစ်ဦး ဖြစ်ပါတယ်။

July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...
ဓါတ်ပုံ - CJ
July 7, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း...
July 6, 2026
စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက်...