အရပ်သား ၈ ဦးကို မောရဝတီရေတပ်မှ လာရောက်ဖမ်းဆီး

အရပ်သား ၈ ဦးကို မောရဝတီရေတပ်မှ လာရောက်ဖမ်းဆီး

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီ၏ မောရဝတီရေတပ်မှ နှစ်ရက်အတွင်း အမျိုးသမီး အပါ အဝင် အရပ်သား ၈ ဦးကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ မဂ္ဂင်ရပ်ကွက် ကံပေါက်ဈေးအတွင်းမှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ဒီးဒုတ် အသက် ၆၀ နှစ် အပါ အဝင် ဒေါ်မီးချို၊ ကိုကျော်ဦး၊ ကိုကျော်ကျော်တို့ မိသားစုဝင်လေးဦး အပြင် အလုပ်သမားများ ဖြစ်ကြသည့် ကိုမင်းသူအောင် နှင့် ကိုအောင်ပိုင်စိုးတို့ ဖြစ်ကြသည်။

“အခုအဖမ်းခံရတဲ့ ကုန်စုံဆိုင်ရဲ့အရှေ့တည့်တည့်မှာက စစ်တပ်ထောက်ခံတဲ့ စီးပွားတူပြိုင်ဖက် ဆိုင်လည်း ရှိနေ တော့ တမင်ချောက်ချလို့ အဖမ်းခံရတာလားမသိဘူး။ မိုင်းတွေ့တဲ့ အနီးအနားတဝိုက်က သူတွေကို မသင်္ကာလို့ ဖမ်းတယ်ဆိုရင် တစ်မျိုး၊ အခုက မိုင်းတွေ့တဲ့နေရာနဲ့က တခြားဆီ အဝေးကြီးပါ” ဟု မိသားစုနှင့် ဆွေမျိုး နီးစပ် သူတစ်ဦးက ပြောသည်။

သူတို့ ၆ ဦးကို ကား ၅ စီးဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဇူလိုင်လ ၁၅ ရက်နေ့၊ ညနေ ၅ နာရီခန့် က ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကုန်စုံဆိုင်အား ဝင်ရောက်ဖမ်းဆီးနေစဉ် ကံပေါက်ဈေးနှင့် အထက်တန်းကျောင်း လမ်းကိုလည်း ပိတ်ထားခဲ့ကြ သည်။

ကံပေါက်ကျေးရွာ သစ်တောရုံးလမ်းဆုံတွင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၈နာရီခန့်က မိုင်းတွေ့ရှိခဲ့ပြီးနောက် ညနေပိုင်းတွင် လာရောက်ဖမ်းဆီးခြင်း ဖြစ်သည်။

ထို့နောက် ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်ကလည်း ကံပေါက်ကျောက်တိုင်အနီးရှိ လျှပ်စစ်ပစ္စည်း ဆိုင် သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကား ၂စီးဖြင့် ရောက်ရှိလာကာ ဆိုင်ပိုင်ရှင် မအေးအေးသူ အသက် ၃၅ နှစ်နှင့် ဆိုင်အကူ မသဇင်လွင် အသက် ၃၃ နှစ်တို့ကို တစ်နာရီခန့်အကြာ စစ်ဆေးပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သည်ဟု ဗိုလ်ချုပ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ကုန်စုံဆိုင် နှင့် လျှပ်စစ်ပစ္စည်းဆိုင်တို့မှ ဖမ်းဆီးခံခဲ့ရသည့် သူများအားလုံးမှာ ရပ်ကွက်အတွင်း ဈေးရောင်းနေ သည့် ဈေးသည်များသာ ဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ၈ ဦးစလုံးကို မောရဝတီ ရေတပ်ဌာနချုပ်တွင် စစ်ဆေးနေပြီး ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်း အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ် နေကြသည်ဟု နီးစပ်သူများက ပြောသည်။

August 8, 2026
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ...
August 8, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍...
August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...