ဒေါ်လာနဲ့ရွှေဈေးကြောင့် ထိုင်းဘတ်ငွေဈေးပါ လိုက်တက်လာ

ဒေါ်လာနဲ့ရွှေဈေးကြောင့် ထိုင်းဘတ်ငွေဈေးပါ လိုက်တက်လာ

ပြည်တွင်းဒေါ်လာနဲ့ ရွှေဈေးနှုန်းမြင့်တက်လာပြီးနောက် ထိုင်းဘတ်ငွေဈေးနှုန်းကလည်း တစ်ဘတ်ကို ကျပ် ၉၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူသန်းရောင်း ဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရက ဇွန် ၂၁ ရက်နေ့မှာ ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ပြီး ပြည် တွင်းဒေါ်လာနဲ့ ရွှေဈေးနှုန်းထိုးတက်လာခဲ့တာပါ။

ပြည်တွင်းဒေါ်လာဈေးဟာ တစ်ဒေါ်လာကို ကျပ် ၃၂၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာသလို မီးလင်း အခေါက်ရွှေကလည်း တစ်ကျပ်သားကို ကျပ် ၃၂ သိန်းကျော်အထိ ဈေးနှုန်းလိုက်တက်လာခဲ့တာပါ။

နယ်စပ်ကုန်သည်တစ်ယောက်က “ဒေါ်လာဈေး တက်တယ်ဆို၊ ရွှေဈေးတက်တယ်ဆို ငွေဈေးကတော့တက် မှာ ပဲ။ ကျွန်တော်တို့ မြန်မာငွေက လည်း သိတဲ့အတိုင်းပဲ။ အဓိကကတော့ အဲဒီဒေါ်လာဈေးတက်တာရယ်၊ ရွှေ ဈေးတက်တာရယ်ပေါ့။ ဘတ်ဈေး ကျတော့ ဘတ်တွေကို အတင်းလိုက်ဝယ်တယ်။ ကျွန်တော်တို့က အဲဒီလိုပဲ သုံးသပ်တယ်။ ဘာလို့ဆို ကစားစရာ ဆိုလို့ ဒီသုံးမျိုးပဲရှိတာ” ပြောပါတယ်။

အဲ့ဒီဂယက်ကြောင့် တစ်ဘတ်ကို ကျပ် ၈၃ ဝန်းကျင်သာရှိတဲ့ ထိုင်ဘတ်ဈေးနှုန်းကလည်း ကျပ် ၉၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်လာခဲ့သလို မတည်ငြိမ်မှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

“ကျန်တဲ့နှစ်ခုလုံး တက်ရင်တော့ ဒီကောင်လည်းတက်မှာပေါ့။ ကုန်ဈေးနှုန်းကတော့ သိပ်အဆမတန် တက်သွား တာတို့ ဘာတို့ သိသိသာသာမတိုးဘူး။ မသိမသာလေးဘဲပေါ့။ တက်လည်း အများကြီးမဟုတ်ဘူး။ တက်လိုက် ကျလိုက်ပဲ ကုန်ဈေးနှုန်းက။ ဒီနေ့နည်းနည်း တစ်ရာပိုသွားရင် မနက်ဖြန်ကျရင် ပစ္စည်းတွေဝင်တဲ့အတွက် ရောင်း ချင်တဲ့သူက လျော့ရောင်းတယ်၊ ပုံမှန်ဈေးပြန်ဖြစ်တာပဲလေ” လို့ အထက်ပါ နယ်စပ်ကုန်သည်က ဆက်ပြောပါတယ်။

ထိုင်းဘတ်ဈေးနှုန်းကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်တဲ့ အခြေအနေမှာရှိပေမယ့် လမ်းပန်း ဆက်သွယ် ရေး အဆင်ပြေနေတာကြောင့် ကုန်ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာဖို့ မရှိသေးဘူးလို့ နယ်စပ်ကုန်သည် တွေက သုံးသပ်တာပါ။

ထိုင်းဘတ်ငွေဈေးဟာ စစ်တပ်အာဏာမသိမ်းခင်က တစ်ဘတ်ကို ကျပ် ၃၀ ဝန်းကျင်သာ ပေါက်ဈေးရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ဈေးနှုန်း ၂ ဆကျော် မြင့်တက်လာသလို မတည်ငြိမ်မှု မ ကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။

မွန်ပြည်နယ်ဟာ မြဝတီနယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံစား သောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေအပါအဝင် အထွေထွေသုံးကုန် ပစ္စည်းတွေကို အဓိတင်သွင်းနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-Social Media

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...